"ထက်နောင်"
"ဗျာ"
ရဲထက်နောင် အိမ်ထဲဝင်မလို့ရှိသေး ဘေးအိမ်ကနေ အခေါ်ရှိသောကြောင့် ဘေးအိမ်ကို အရင်ကူးရပြန်သည်။
"ဒီနေ့ ပြန်လာတာ အရင်ထက် ၁၅ မိနစ် နောက်ကျတယ်နော် ဘယ်ဝင်နေလို့လဲ"
"ဗျာ အဲ.. ဟိုဟာ စာမပြီးသေးလို့ ကူးနေလို့ ကိုဘုန်း"
"ဘာစာကူးတာလဲ။ ဒီနေ့ နောက်ဆုံးအချိန်က စာရိတ္တအချိန်မလား"
"အရင်တစ်ပတ်က သမိုင်း အမေးအဖြေတွေ မပြီးလိုက်လို့ဗျ.... မနက်ဖြန် သမိုင်းအချိန်ဆိုတော့ ဒီနေ့အပြီး ကူးလိုက်တာပါ"
ရဲထက်နောင် ဖြေလည်းဖြေရင်း ဘုန်းလင်းကြိုင်ကို မော့ကြည့်မိတော့ စမတ်ကျကျ မဂ္ဂဇင်း ထိုင်ဖတ်နေသူကို ငေးမိပြန်သည်။ ကိုဘုန်းကို ယောကျာ်းလေးအချင်းချင်း ကြိတ်ကြွေနေမိတဲ့သူ မှားလား မသိတော့ပါ။ ထိုလူက မက်မောဖွယ် ကောင်းသည်။ မဂ္ဂဇင်း ကိုင်ထားတဲ့လက်တွေက သွေးကြောစိမ်းဖန့်ဖန့်တွေက ထင်းနေသည်။ သို့သော် ထိုလက်တွေထဲ တုတ်ရောက်သွားတဲ့အချိန်တွေမှာတော့ သူ ကြောက်ရသည်။
"မင်း အခုတလော ပေါ့ပြက်ပြက်နိုင်လွန်းလှတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူးလား ရဲထက်နောင်"
"ဗျာ! ကျွန်တော် ဘာလုပ်လို့..."
နာမည်အပြည့်အစုံ ခေါ်ကာ မေးလာသူနောက် အဖြေလိုက်ရသည်။
"မင်းကိုယ်မင်းတောင် သတိမထားမိဘူးလား! တထစ်ရှိ စာကူးနေရတာနဲ့! စာမပြီးရတာနဲ့! အိပ်ရာထ နောက်ကျလို့ ကျောင်းမမီမှာစိုးလို့ ပြေးသွားရတာနဲ့! မင်းကိုယ်မင်း ဘာဖြစ်နေလဲ အခုထိ မမြင်ဘူးလား ဟမ်"
"ကိုဘုန်း ... ကျွန်တော်..."
"ရည်းစားရနေတာလား"
"ဗျာ!! မဟုတ်ဘူးနော် လုံးဝ မဟုတ်ဘူး ကိုဘုန်း။ ကျွန်တော် ရည်းစားမထားရပေါင်"
ရဲထက်နောင် စိတ်ထဲမှာ မျက်ရည်နှစ်စက် ကျပြီးပြီဖြစ်သည်။ ကိုဘုန်းကို တိတ်တခိုးလေး ကြိုက်နေတဲ့သူက ရည်းစားထားစရာ အကြောင်းလားလို့ အော်မေးပစ်ချင်သည်။ စိတ်ထိန်း ရဲထက်နောင် စိတ်ထိန်း! မင်း အဖြေမရခင် လက်ဆစ်တွေ မင်းခေါင်းပေါ် အရင်ရောက်လာလိမ့်မယ်။
YOU ARE READING
One Shots (Punishment type)
RandomPlease check out the tags before you start reading. I only write for fun.