Unicode
၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး
အပိုင်း ၂
တတိယမြောက်အဒေါ်မှာ ၆ ခုမြောက်ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ကုပေါင်ကော၏ ချွေးမဖြစ်သည်။ သူမသည် စိတ်နှလုံးကောင်းရှိ၍ ယုံကြည်အားကိုးရသူဖြစ်သည်။
ဒီတတိယမြောက်အဒေါ်မှာ စီနီယာကျသူဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည်။
စီနီယာ ဘယ်လောက်မြင့်လဲ?
အားလုံးသိသည့်အတိုင်း အထူးသဖြင့် လူတိုင်းနီးပါး မျိုးရိုးတူနေသည့် ရွာတစ်ရွာတွင် စီနီယာကျမှုက တစ်စိတ်တစ်ပိုင်း အရေးပါသည်။
သေချာစွာ အဆင့်စီထားသည့်အလျောက် တစ်ချိန်တည်းမှာပင် ဖရိုဖရဲနှင့် ကြီးကျယ်သည့်ပုံပေါ်သည်။
စီနီယာအဆင့်အရ ရွာထိပ်က သွားများအားလုံးမရှိတော့သော အသက်၈၀အဘိုးအိုမှာ ရွာနောက်ပိုင်းက မွေးကင်းစကလေးကို တတိယမြောက်ဦးလေးဟုခေါ်ရမည်ဖြစ်သည်။
တတိယမြောက်အဒေါ်ဆိုသည်မှာလည်း ထိုသို့ပင် ဖြစ်သည်။ တစ်ရွာလုံး၏ ရွာသား တစ်ဝက်ကျော် ပြီးတော့ အသက်၅၀အောက်က ရွာသားအားလုံး သူမကို တတိယမြောက်အဒေါ်ဟု ခေါ်ရမည်ဖြစ်သည်။
ဤသည်ကတောင် ရိုးရှင်းသေးသည်။
ထိုသို့မဟုတ်လျှင် ကျန်းထျန် သူမကို အဘွားဟုခေါ်ရမည်ဖြစ်သည်။
ထို့ကြောင့် ဒီတတိယမြောက်အဒေါ်မှာ မည်မျှနာမည်ကြီးသည်နည်း?
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်ကြီးကြီး သူမ၏ ရှေ့မျိုးဆက်သို့မဟုတ် နောက်မျိုးဆက်ဖြစ်စေကာမူ ဒီတတိယမြောက်အဒေါ်ကလို့ ပြောလိုက်သည်နှင့် မျက်နှာသာပေးကြသည်သာဖြစ်သည်။
ဥပမာ ယခုပင် "မပြောပလောက်ပါဘူး"တတိယမြောက်အဒေါ် ပြုံးလိုက်ပြီး ကျန်းထျန်လက်ကို ကိုင်ကာ "သမီး ငါတို့မိသားစုကို ရောက်လာပေမယ့် ခုထိ အစားအစာတွေနဲ့ စျေးဝယ်တာ နေသားမကျသေးဘူးလား? သမီးက ချွေးမအသစ်လေးဆိုပြီး အပြင်ထွက်ရမှာ မကြောက်နဲ့၊ တတိယမြောက်အဒေါ်နာမည်သာသုံးလိုက်။ ငါတို့အကုန်လုံးက မိသားစုတွေပဲ။ သမီးကို အရှက်ရအောင်မလုပ်ပါဘူး"
YOU ARE READING
၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)
Romanceတစ်လ ၆ ပိုင်း Name - The spoiled daughter-in-law in the 1970s Type - web novel Genre - romance Tags - farm wearabook 70s Through Rebirth Authors - Changqiao Myanmar trans - Khat Chapters - 100 This Story Isn't Mine. We're Just Translation. All Cred...