13

510 66 0
                                    

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

အပိုင်း ၁၃

                        
မီးဖိုချောင်ထဲတွင် ကုလျန်မင် ခေါက်ဆွဲလုပ်နေသည်။ ကျန်းထျန် ပြန်ရောက်လာသောအခါ သူမ စားပွဲပေါ်က ကြွေပန်းကန်လုံးကို ပြရင်းပြောလိုက်သည်။ "အစ်မပြောသလို ငါးနဲ့ အသားကို ကြက်ဥအကာ ဆားနဲ့ နှပ်ထားတယ်။ အစ်မ ဝိုင် နှစ်စက်ချဖို့ပဲလိုတော့တာ"

                       
ကျန်းထျန် ဘူးသီးခြောက်ကိုဖွင့်ကာ သတိထား၍ စောင်းလိုက်ပြီး နှစ်စက်လောက် ချလိုက်ပြီးနောက် မြန်မြန်တင်းကြပ်စွာ ပြန်ဖုံးပြီး ပင်မအခန်းသို့ပြေးကာ ဘူးသီးခြောက်ကို  ပြန်ထားလိုက်သည်။ ဘီဒိုကိုသော့ခတ်ပြီး သော့ကို စာအိတ်ထဲ ပြန်ထားပြီးနောက် မီးဖိုချောင်သို့ပြန်လိုက်သည်။

                    
ကျန်းထျန် လက်ဆေးရန်ရေကို ခပ်လိုက်ပြီးနောက် ကုလျန်မင်ကို ပြောလိုက်သည်။ "အစ်မလုပ်မယ် အစ်မကပိုသန်မာတယ်"

                    
ကုလျန်မင် လုပ်နေသည်ကို ရပ်လိုက်ပြီး ကျန်းထျန်ကို ကြည့်လိုက်ပြီး သူမ ကျန်းထျန်ကို အများကြီးမေးချင်သည်ဟု ခံစားရလိုက်သည်။ ကျန်းထျန်က ပိုကောင်းလာသည်ကို သူမ သိသော်လည်း အရင်က ကိုယ့်အဝတ်‌ကို လျှော်ရန် အလွန်ပျင်းသောသူက အခု သူမကို ကူညီပေးမည်ဟု ရုတ်တရက် ပြောလာသည်။ ယခုဖြစ်ပျက်နေသည်က သူမ အိမ်မက်မှ ပြန်ထရတော့မည့်ပုံရှိသည်။

                    
သို့သော် လက်တွေ့ဘဝတွင် ကျန်းထျန်အမူအရာ စစ်မှန်နေသည်ကို သေချာစွာမြင်ရ၍ ကုလျန်မင် ဘေးသို့ ဖယ်ပေးလိုက်သည်။

                   
သူမကို အလုပ်ကူညီပေးရန် တစ်ယောက်ရှိသဖြင့် အလွန်ပျော်ရွှင်သည်။

                   
ကျန်းထျန်် သူမလက်ကရေကို တံခါးတွင်ခါလိုက်ပြီး မီးဖိုသို့ သွားလိုက်သည်။ ကြွေလက်ကိုင်ကို လက်တစ်ဖက်ကကိုင်လိုက်ပြီး လက်တစ်ဖက်နှင့်  မုန့်နှစ်ကိုနယ်လိုက်သည်။

                  
ပြောင်းဖူးမှုန့်မှာ ညက်နေပြီး ပြောင်းဖူးအညှာများ ရောမနေပါ။ ဂျုံချောနှင့် ရော၍  ပေါက်စီလုပ်ကာ ပေါင်းထားသည်။                    

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now