16

312 51 0
                                    

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

အပိုင်း ၁၆

                            
ရွှီကျင်းဖန် ထွက်သွားသောအခါ ကျန်းထျန်လည်း ကုတင်ပေါ် ပြန်လှဲလိုက်သည်။ ခဏကြာတော့ သူမဘေးမှ သူမကို စိုက်‌ကြည့်နေသော အကြည့်စူးစူးတစ်စုံကို ခံစားမိလိုက်သည်။ သူမခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှင် မနားသေးဘူးလား?"

                       
ပြောသည်ကိုကြား၍ ကုလျန်ရွှမ် သတိမထားမိဘဲ ခေါင်းခါလိုက်သည်။ ခေါင်းခါပြီးမှ ကျန်းထျန် ပြောချင်သည်ကို  သဘောပေါက်သွားသည်။ သူ လက်ကိုအားပြု၍ကိုယ်ကို လှည့်လိုက်ပြီး ကုတင်ပေါ်လှဲကာ ကျန်းထျန်ကို ကျောပေးလိုက်သည်။

                             
အကြည့်စူးစူးကို မခံစားတော့၍ ကျန်းထျန် ‌စောင်ကို ဆွဲခြုံလိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ စက္ကန့်ပိုင်းကြာသောအခါ သူမ ချွေးထွက်လာ၍  စောင်ကို ပြန်ဆွဲချကာ စောင်ကို ဖက်ပြီး ပြန်အိပ်လိုက်သည်။

                               
အချိန်ကြာပြီး ကျန်းထျန်ပြန်အိပ်မောကျတော့မည့် အချိန်တွင် ကုလျန်ရွှမ်အသံ အခန်းထဲတွင် ထွက်လာသည်။ "ကိုယ်..ကိုယ့်ဘာသာ ထလို့ရတယ်"ကျန်းထျန် မျက်လုံးပွင့်လာပြီး သူမ အိမ်မက်မက်နေသည်ဟုထင်ပြီး "အိုး"ဟုပြန်ဖြေပြီးနောက် ပြန်အိပ်ပျော်သွားသည်။

                         
ကုလျန်ရွှမ် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူပြောပြီးနောက် ခေါင်မိုးကိုကြည့်ရင်း ကျန်းထျန််ပြန်ပြောမည်ကို စောင့်နေလိုက်သည်။ ကျန်းထျန်က ဘာမှသေချာမပြောသဖြင့် သူ့ကို ယောင်နေသည်ဟုထင်သွားသည်လား၊ သူမ သေချာကြားသည်လားတောင် မသိပေ?

                      
သူခေါင်းလှည့်ကြည့်လိုက်‌သောအခါ ကျန်းထျန် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။

                      
  ကုလျန်ရွှမ် - ....

                       
ကုလျန်ရုန် ၈ခုမြောက်အဖွဲ့က ရွှီဦးလေးအိမ်သို့ ခြင်းတစ်လုံးနှင့် သွားလိုက်သည်။ သူရောက်သောအခါ ဦးလေးမှာ နေ့လည်စာစားပြီး၍ အနားယူတော့မည်ဖြစ်သည်။

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now