Ep-4

116 17 4
                                    

မိုးတွေရွာနေသည်.......

ကားပြတင်းပေါက်မှန်သို့
လာရောက်ရိုက်ခတ်နေသော
မိုးစက်လေးတွေရဲ့အသံဟာ
အလွမ်းတေးသီသကဲ့သို့
ခပ်ဆွေးဆွေး........

ဒီလိုနေ့မျိုးကို
yoongi
သဘောကျသည်။

ပတ်ဝန်းကျင်ဟာ
ပိုပီးတော့ပုံမှန်နေ့တွေထက်
အေးချမ်းသယောင်ရှိသည်။

အပြန်လာမကြိုဖို့
driverဦးလေးကြီးကို
သူမှာရဦးမည်။

မိုးရွာထဲ လမ်းလျှောက်ရင်း
ဘဝအမောတွေ ပြေဖို့
သူကြိုးစားရဦးချေမည်။

လူတိုင်းရဲ့အမြင်မှာ Min groupဟာ
အားကျစရာကောင်းသလိုရှိပင်မဲ့
တကယ့်လက်တွေ့မှာ အိမ်တွင်းရေး
ယိုယွင်းနေတဲ့ မိသားစုသာသာ၊

အဖေက အာဏာရဖို့ အရူးအမူး
ဘယ်အရာကိုမှမငဲ့၊

အမေက ကာစီနို ဝိုင်းတိုင်း၌
ရှိသမျှ စည်းစိမ် ကုန်အောင်
သုံးဖြုန်းနေသူ၊

လူအများရှေ့၌
နွေးထွေးသော မိသားစုပုံ
ဟန်ဆောင်နေပြရတာကလည်း
လာမဲ့ လွှတ်တော် အမတ်ရွေးကောက်ပွဲအတွက်သာ။

တစ်ဦးတည်းသောသားလေး
min yoongiဟာလည်း ရွှေပေါ်မြတင်
မွေးလာခဲ့သည်က လွဲ၍
ပျော်စရာဆိုသည်မရှိ၊

မိသားစု ထမင်းဝိုင်းလား
ဟင့်အင်း သူ့အတွက်တော့ လက်ဆုံစား
ရသည့်နေ့မှာ လက်ချိုးရေလို့
ပင်ရသည်။

ဂုဏ်တွေပကာသနတွေပါတဲ့
ညစာစားပွဲကိုတော့
မိသားစု စုံစုံလင်လင်တက်ရသည်။

ထိုသို့ partyတွေ dinnerစားပွဲတွေအစား သူလိုချင်သည်က နွေးထွေးတဲ့
ညစာစားပွဲလေးတစ်ခုသာ

အသက် နှစ်ဆယ်ပင်ပြည့်တော့မည့်
လူသားတစ်ယောက်အတွက်
မွေးနေ့ဆိုတာ လူကုံထံတွေအကြား
အာဏာရှင် လူတန်းစားတွေကြား
က ကျင်းပပေးသည့် ​ အရောင်စုံခြယ်
မျက်နှာဖုံးတစ်ခုထက်မပိုပေ။

ထိုဂုဏ်တွေ တန်းတွေနေရာမှာ
စုံလင်တဲ့ မိသားစုထမင်းဝိုင်းနှင့်
ရေညှိဟင်းချိုလေး တစ်ခွက်သာ ပါခဲ့မည်ဆိုလျှင် သူ့မွေးနေ့မှာ
သူဟာ အပျော်ဆုံး
လူသားတစ်ယောက်ဖစ်လာနိုင်ဦးမည်။

mean of loveWhere stories live. Discover now