''အဒေါ်ကြီး
ရေခဲမုန့်ရှိလား''''ရှိတယ် ခွက်နဲ့ယူမလား
ကတော့နဲ့ယူမလား''''ကတော့နဲ့ယူမယ် ချောကလက်နှစ်ခုပေးပါ''
ည12နာရီပင်ထိုးလုနီးနေပြီဖြစ်၍
ပိတ်တော့မည်ဆိုင်လေးဆီသို့ပြေးကာ
ရေခဲမုန့်ဝယ်ပြီး မှိန်ပျပျမီးတိုင်အောက်မှာ စောင့်နေတဲ့ ဖြူလွလွလူသားလေးဆီ တစ်ဖန်ပြေးရပြန်သည်။မှိန်ပျပျ မီးရောင်အောက်က
ခုံတန်းလေးတွင်းထိုင်နေသော
ဖြူလွလွအရိပ်လေးဟာ
ဘာကြောင့်ရယ်မသိ ဒဏ်ရာပေါင်းများစွာရထားတဲ့ ငှက်ကလေးပမာ
ငြိမ်သက်လွန်းလှတယ်။ကျားယောင်ဆောင်နေတဲ့
ကြောင်ပေါက်လေးရဲ့ မျက်ဝန်းထဲက ဒဏ်ရာဒဏ်ချက်လေးတွေကို
ဖေးမပေးချင်ခဲ့တာ
သူတို့ကံကြမ္မာတွေရဲ့အစပေါ့''yoongi''
ဆယ်လှမ်းလောက်အကွာအဝေးမှာ
jk yoongi နာမည်လေးအားလှမ်းခေါ်ကာ လက်ထဲက ရေခဲမုန့်ထုပ်လေးကို
မြှောက်ပြလိုက်တော့
လှည့်ကြည့်လာတဲ့ အဖြူရောင်လူသားဟာ လက်လေးပြန်မြှောက်ပြသည်။''စောင့်ရတာကြာသွားလား''
''မကြာပါဘူး ''
လက်ထဲမှ ရေခဲမုန့်လေးအားလှမ်းယူကာ တည်ငြိမ်စွာပြောလာသည့်
yoongiကြောင့် jk ခေါင်းသာငြိမ့်ပြလိုက်သည်။''ဒါနဲ့ ဘာလို့ jkက ရုတ်တရက် ရေခဲမုန့်အကြောင်းပြောရတာလဲ''
ရေခဲမုန့်စားနေရင်း စကားဆိုလာသော yoongiကြောင့်
ရေခဲမုန့်ဖောက်နေသောjkလက်တို့
ခဏရပ်တန့်သွားရသည်။''yoongiပုံက ဝမ်းနည်းနေပုံပေါက်လို့''
yoongiကရယ်သည်
ထို့နောက် jkအားမေးခွန်းပြန်ထုတ်သည်။''ရေခဲမုန့်နဲ့အဲ့တာက ဆက်စပ်မှုရှိလို့လား''
jkက သူ့ကိုမကြည့်ပဲ အဝေးကို
ငေးကြည့်နေတဲ့ yoongiထံကြည့်ကာဖြေသည်။''ကျွန်တော် ဝမ်းနည်းရင် ငယ်ငယ်ကတည်းက ရေခဲမုန့်စားတတ်လို့ပါ''
''jeon jungkookက ထူးဆန်းလိုက်တာ''
''jeon jungkookလို့ခေါ်တာ
မမောဘူးလား
jkလို့ပဲခေါ်ပါ''
![](https://img.wattpad.com/cover/356453046-288-k578411.jpg)
YOU ARE READING
mean of love
Fanfictionချစ်တတ်အောင်သင်ပေးပီးမှ ငါ့ကို မချစ်ခဲ့ဘူးတဲ့လား မောင်ရယ်...