Ep-7

137 16 3
                                    

yoongiကို
jk ကပင်ဆိုင်ကယ်နှင့် ပြန်လိုက်ပို့ပေးခဲ့သည်။

''ကျေးဇူးတင်ပါတယ်'

''ဒါဆိုကိုယ်သွားတော့မယ်''

''ခဏလေး
ဒီနေ့ငါ့မွေးနေ့
ညကျရင် party ရှိတယ်
မင်းလာခဲ့ပါလား''

jkဘက်ကတိတ်ဆိတ်နေသည်

''ဟို မလာချင်လည်းရပါတယ်''

''မဟုတ်တာ ကိုယ်လာမှာပါ''

''ဒါဆိုရင် ငါမျှော်နေမယ်
ဂရုစိုက်ပြန်ပါ jungkook''

''ဟုတ်ပီ ကိုယ်ပြန်ပီနော်
yoongi''

jkဆိုင်ကယ်လေး မြင်ကွင်းမှ ပျောက်သွားသည်အထိ ထိုနေရာတွင်
yoongiရပ်ကြည့်နေခဲ့သည်။

ခြံထဲတွင်တော့
partyအတွက်အလုပ်ရှုပ်နေကြသည်။

''သခင်လေးပြန်ရောက်လာပီလား''

အိမ်တော်ထိန်းမိုသည် yoongiငယ်ငယ်ကတည်းက ထိန်းပေးလာသည့်
ဦးလေးကြီးဖစ်သည်။

မိဘတွေထက်ပင်
yoongi အားချစ်သည်
ဂရုစိုက်သည်
နားလည်နိုင်သည်။

''ဟုတ်ကဲ့''

''ပြန်လာရင်
သခင်ကြီးက သူ့ဆီလာတွေ့ဖို့
ပြောခိုင်းထားပါတယ် သခင်လေး''

''အာ ဟုတ်''

သို့ဖြစ်၍ အပေါ်ထပ်ကအဖေ့အခန်းဆီသို့ ဦးတည်လိုက်သည်။

yoongiအဖေ့အခန်းရှေ့မှာ ရပ်နေသည်

တံခါးခေါက်ဖို့ သူတွန့်ဆုတ်နေမိသည်။

ဖခင်ဆီမှ ဖုန်းပြောနေဟန် အသံတစ်ချို့ကိုကြားရသည်။

''ဒါပေါ့ ဒါပေါ့
ဟားဟားဟား
ဒါဆိုရင် ဝန်ကြီးချုပ်ဟန်ကိုပဲ အားကိုးပါ့မယ် ဒါဆို ဖုန်းချလိုက်ပီနော်
ဟုတ်''

ရောက်လာပီးမှ မထူးတော့ပီမို့
တံခါးခေါက်ဖို့ ကြိုးစားလိုက်သည်။
မွေးကတည်းက ဝင်ဖူးသည်မှာ
လက်ချိုးရေလို့ပင်ရသည့် အဖေ့အခန်းထဲသို့။

ဒေါက်ဒေါက်ဒေါက်

'အဖေ ကျတော်လာပါတယ်''

''အေး ဝင်ခဲ့''

ဖုန်းပြောနေစဥ်ကနှင့်
တစ်ခြားစီ အဖေ့အသံသည် အေးစက်သွားပြန်တယ်။

mean of loveWhere stories live. Discover now