yoongi
အိမ်ကထွက်လာပီး
ပထမဆုံးသွားသည့်နေရာက
little stars မိဘမဲ့ဂေဟာဖစ်သည်။လွန်ခဲ့တဲ့ သုံးနှစ်ကစ၍
သူ့မွေးနေ့တိုင်း ထိုမိဘမဲ့ဂေဟာလေး
မွာ သွားလှူဖစ်သည်။ဂေဟာမှူးသည် မေမေ့ရဲ့
သူငယ်ချင်းမို့ yoongiနှင့် ရင်းနှီးသည်။''yoongi happy birthday
ဒီနေ့သားလာမယ်ဆိုတာ သိလို့
အန်တီစောင့်နေတာ''''ဟုတ်ကဲ့အန်တီ''
သူ့မွေးနေ့ကို မှတ်မိတာ hoseoki
တစ်ယောက်ထဲ ရှိသည်ထင်တာ
ေနာက်တစ်ယောက် ထပ်တိုးလာခဲ့သည်ထင်ပါသည်။''မနက်စာအရင်စားရအောင်
သားလေး အန်တီ ရေညှိဟင်းချိုချက်
ထားတယ်''ပူပူနွေးနွေးထမင်းဝိုင်းကိုကြည့်ပီး
မျက်ရည်ဝဲလာရသည် ။မိဘတွေတောင် မလုပ်ပေးတာမျိုးကို
သူစိမ်းတစ်ယောက်ဆီက ရလိမ့်မယ်
လို့စိတ်တောင်မကူးဖူးပါ။''သားထည့်စားလေ
ဘာတွေငေးနေတာလဲ''ပြောပြောဆိုဆိုဖြင့်
ဟင်းတွေခပ်ထည့်ပေးသော
အန်တီကိုကြည့်ကာ
တွေးမိသည်က
ဒါသာသူ့အမေဆိုရင်
ဘယ်လောက်တောင်ကောင်းလိမ့်
မလဲ ဆိုတာပင်။အလိုက်မသိ
ဝဲတက်လာသော မျက်ရည်တွေအား
မကျအောင်ထိန်းပီး တစ်ယောက်ယောက်မြင်မည်စိုး၍
ထမင်းကိုငုံ့စားနေရသည်။ဘယ်လောက်ပဲ ပင်ပန်းအထီးကျန်နေပါစေ သူစိမ်းတွေရှေ့ မျက်ရည်
ကျရလောက်အောင်ထိတော့
သူအရှက်မမဲ့သေး။လောကကြီးသည် ဘယ်လောက်ပင်
သူ့အားပျက်စီးစေဦးတော့
သနားစရာကောင်းသည့်
သူ့ပြိုလဲမှုအား မည်သူတစ်ဦး
တစ်ယောက်မျှတွေ့မြင်ရမည်မဟုတ်။ထမင်းစားပီး
ကလေးတွေအား ရေခဲမုန့်ကျွေးကာ
အလှူငွေပေးခဲ့ပီးနောက်
ဂေဟာမှုးအဒေါ်ကြီးကိုနှုတ်ဆက်
ကာ နောက်ထပ်သူ့ခြေလှမ်းကတော့ဟန်မြစ်
yoongi ပျော်စရာရှိရှိ
ဝမ်းနည်းစရာရှိရှိ ပထမဆုံးလာတဲ့
နေရာဟာ ဟန်မြစ်ပင်ဟန်မြစ်ကိုရောက်ရင်
သူ့စိတ်တွေ အပန်းပြေသည်
အေးချမ်းသည် ။
YOU ARE READING
mean of love
Fanfictionချစ်တတ်အောင်သင်ပေးပီးမှ ငါ့ကို မချစ်ခဲ့ဘူးတဲ့လား မောင်ရယ်...