1

440 34 7
                                    

Baby's Breath Flowers... ပန်းလေးရဲ့အဓိပ္ပါယ်က

သန့်ရှင်းခြင်း၊ ရိုးသားခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ ယုံကြည်မှု၊ ထာဝရမေတ္တာ၊ အပြစ်ကင်းစင်မှုနှင့် အချစ် ဇာတ်လမ်းတို့ကို ကိုယ်စားပြုသည်တဲ့။

ထိုပန်းလေးကို ပေးတဲ့သူက လက်ခံတဲ့သူကို

မင်းနဲ့ပြည့်စုံတဲ့ဘဝကို ရက်ပေါင်းတစ်သန်းကျော် အထိနေထိုင်လိုတယ်ဆိုတဲ့ဆန္ဒနဲ့တကွ ဘယ်လောက်မြတ်နိုးကြောင်း ပြသတာပါတဲ့...



 ̄ ̄ ̄ ̄

" သခင်လေး မအိပ်သေးဘူးလား ည၂နာရီတောင်ရှိနေပြီ"

အိမ်ရှေ့ဧည့်ခန်းဆိုဖာမှာ ငိုက်နေပုံရတဲ့ ဖြူဖြူသေးသေးပုံရိပ်လေးကို ရေသောက်ရန် အိပ်ရာကထလာတဲ့ အိမ်ထိန်းအဒေါ်ကြီးကလှမ်းမေးနေသည့်မြင်ကွင်းပင်

" အာ..ကိုကိုပြန်မရောက်သေးဘူးလေ အဒေါ်"

အနည်းငယ်စင်းကာ ပင်ပန်းနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို လက်နဲ့ပွတ်ရင်းပြန်ဖြေမိတော့ အဒေါ်ကြီးက ဂရုဏာသက်ဟန်

" ညတိုင်း စောင့်ရတာမပင်ပန်းဘူးလား သားရယ် အိပ်ရေးတွေလည်းပျက်လှပြီ"

" ဟင့်အင်း ကျွန်တော်နေသားကျနေပါပြီ"

" အဲ့လောက်တောင် ချစ်ရလား ဟင်း တစ်နေ့ကျ သခင်လေးဟီဆွန်း သားအချစ်တွေကိုမြင်နိုင်ပါစေလို့ အဒေါ်ဆုတောင်းပေးပါတယ်"

အိမ်ထိန်းအဒေါ်ကြီးက ခပ်ဖွဖွရွတ်ဆိုတာကို မြင်ရတော့ သူနူတ်ခမ်းထောင်စွန်းလေးကွေးရုံသာ ပြုံးပြမိသည်၊ ဆုတောင်းတွေသာ ပြည့်တတ်တယ်ဆိုရင် သူလည်းအခုလို အထီးမကျန်လောက်ဘူးထင်ပါသည်

ဘုရားသခင်ထံ ကျွန်တော့်ရဲ့ ပျင်းဖို့ကောင်းတဲ့ ဘဝကြီးထဲကို တစ်ခုခုဖန်ဆင်းပေးဖို့ တောင်းဆိုဖူးပါ၏

တီ-တီ

ကားဟွန်းတီးသံက အပြေးမောင်းနေတဲ့အတွေးရထားတွေကိုဖျက်ပစ်လိုက်သည်၊ မကြာခင် အိမ်ထဲ၀င်လာတဲ့ သူ့အတွက်တန်ဖိုးအရှိဆုံးဖြစ်တည်မှု.. အီဟီဆွန်းဆိုသည့်လူ။

" ကိုကို..ကျွန်တော့်ကိုအိတ်ပေး ညစာစားခဲ့လားဟင် မ စားရသေးရင်."

psychological painting Where stories live. Discover now