"ချာတိတ်...ကိုယ်နဲ့တွဲမလား"
°°°°°°°°
အဖေနေကောင်းသွားတဲ့အချိန် ဂျောင်၀န်းကျောင်းပြန်တက်ဖို့ဖြစ်လာသည် အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေကိုညစာလိုက်ကျွေးပြီး နူတ်ဆက်တဲ့ညက ကိုကို ကိုယ်တိုင် ပြောခဲ့သည့်စကား..
မူးနေတဲ့ဟီဆွန်းအား ဂျောင်၀န်းမှာတိုက်ခန်းအထိလိုက်ပို့ခဲ့ရသည် ဟီဆွန်းမှာအရပ်ရှည်သည့်အပြင်ခန္ဓာကိုယ်ကလည်း သူ(ဂျောင်၀န်း)ထက် လေးတာမလို့ မနည်းပြန်လာခဲ့ရ၏ တော်သေးသည်က ဟီဆွန်းမှာလူမှန်းသူမှန်းမသိလောက်အောင် မူးနေခြင်းမဟုတ်၍သာ.. ဂျောင်၀န်း, ဟီဆွန်းကိုမွေ့ရာပေါ်ကူလှဲချပြီးနောက် ကြမ်းပြင်မှာသူထိုင်ချမိသည်၊ အချိန်အနည်းငယ်ကြာတော့ ဟီဆွန်းကထထိုင်လာရင်း
"အာ ဆောရီး...ကိုယ်အရမ်းသောက်တာများသွားတယ်"
ဟီဆွန်းအသံကြားလို့ မော့ကြည့်မိတော့ ဂျောင်၀န်းကိုငေးကြည့်နေပါသော ရီဝေဝေမျက်လုံးတွေ၊ နက်ခ်ကတိုင်က လျှောကျနေကာ အကျ..အဖြူကလည်း ကြယ်သီး၃လောက်ထိဖြုတ်ထားပြီး နားရွက်ထိပ်တွေက အယ်ကိုဟောအရှိန်နဲ့ရဲနေသေးသည် ဂျောင်၀န်း ဘာမှမပြောပဲ ခြေဆင်းထိုင်နေတာမလို့မြင်နေရတဲ့ ကြမ်းပြင်ပေါ်ကဟီဆွန်းရဲ့ဖိနပ်အနက်ကိုသာ အာရုံလွဲစိုက်ကြည့်ရင်း
"ချွတ်အိပ်လေ"
အသံထက်အပြုအမူက ပိုလျှင်မြန်ခဲ့၏ ဂျောင်၀န်းက ဟီဆွန်းရဲ့ လယ်သာအနက်ရောင်ဖိနပ်ကိုချွတ်ပေးရင်း အောက်ကခြေအိတ်မီးခိုးရောင်ကိုပါတစ်ပါထဲချွတ်လိုက်သည် ဟီဆွန်းကတော့ မွေ့ရာအနက်ပေါ်လက်ပြန်ထောက်ထားရင်း ကြမ်းပြင်ပေါ်ကဂျောင်၀န်းကိုသာ စိုက်ကြည့်နေခဲ့သည်
" ယန်းဂျောင်၀န်း.."
အနည်းငယ်ဩသော ချိူရှရှအသံပိုင်ရှင်ကြောင့်
ဂျောင်၀န်းလုပ်လက်စကိုရပ်မိသည် ဂျောင်၀န်းကအခု ဟီဆွန်းရဲ့ခြေတံရှည်တွေကြားမှာ... ရုတ်တရက် ဂျောင်၀န်းမေးစေ့ကို လက်ညိုးနဲ့ပင့်မရင်း သူ(ဟီဆွန်း)နဲ့အကြည်ဆုံစေသည် ဟီဆွန်းရဲ့ရီဝေဝေအကြည့်တွေဟာ ဂျောင်၀န်းတစ်မျက်နှာလုံးကိုစူးစမ်းနေကာ နောက်ဆုံးခရီးက နူတ်ခမ်းထူထူပေါ်မှာရပ်နားသည်
လက်မနဲ့ ဂျောင်၀န်းအောက်နူတ်ခမ်းကိုဖိပွတ်နေရင်းအခန်းရဲ့အပူချိန်ကလည်း တိုးမြင့်လာသလို..