"ဒါတွေကတရားမ၀င်ဘူးဆိုတာ သိနေတာပဲမလား သူငယ်ချင်းတစ်ယောက်အနေနဲ့မင်းကိုတားနေတာ"
တစ်ဖက်လူရဲ့စကားက ယန်းဂျယ်မင်အဖို့တော့ဘယ်လိုမှအကြံပေးတာနဲ့မတူပဲ သူရဲ့အစီစဉ်တွေကိုနှောက်ယှက်နေသလိုခံစားရသည် ဂျယ်မင်ဟာ စီးပွားရေးလောကထဲမှာ ငွေမဲတွေသွင်းယုံမက ဘဏ္ဍာရေးနဲ့ပတ်သတ်ပြီးရှယ်ယာတွေကိုအလွယ်သုံးစားလုပ်ခဲ့သည်မှာ ရှင်းဆောင်ဟိုမရိပ်မိခင်အဆင်ပြေပြေ။ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခင်မှုတွေက ထိုနေ့ကစလို့ပျက်ပြားလာရသည် ဂျယ်မင်ကိုအမြဲသတိပေးပြီးရပ်တန်းကရပ်ဖို့ပြောခဲ့ပေမဲ့ ဂျယ်မင်ကတော့ တနေ့တခြား ဆောင်ဟိုကိုအရှုပ်တစ်ခုလိုမြင်လာပြီး သူ့လမ်းကြောင်းကရှင်းပစ်ဖို့တွေးတောနေခဲ့သည်
တနေ့ ဂျယ်မင်ရဲ့အဂတိလိုက်စားမှုတွေငွေမဲသွင်းမှုတွေကိုရဲစခန်းချပြမယ်လို့စီစဉ်ထားခဲ့သည့်ဆောင်ဟိုထံ မထင်မှတ်ထားတဲ့ကိစ္စဖြစ်လာခဲ့သည် အိမ်ကိုလာလည်ခဲ့တဲ့သူငယ်ချင်းဖြစ်သူနဲ့ စာကြည့်ခန်းထဲမှာစကားများကြတာပါပဲ အမှားတွေကို၀န်ခံပြီးထောင်နှစ်အပြစ်လျော့ပေါ့ကာ ပြန်လာနိုင်ကြောင်းရှင်းပြပေမဲ့ ဂျယ်မင်ကတော့သူ့ကိုလုံး၀ကြည်နေပုံမရခဲ့။
" ဘာလဲ ငါထောင်ကျသွားရင်မင်းကအကုန်သိမ်းချင်လို့လား"
ဂျယ်မင်က ဆောင်ဟို၏ပုခုံးကိုတွန်းကာ ဒေါနဲ့မောနဲ့မေးလာသည်၊ ဆောင်ဟိုကသက်ပြင်းချရင်း ခေါင်းခါပြကာ
"မင်းထင်ထားတာတွေတစ်ခုမှမဟုတ်ဘူး အခုငါလုပ်နေတာမင်းကောင်းဖို့ပဲ"
"တော်စမ်းပါကွာ ပေးစမ်းအဲ့ဖိုင်တွေ မင်းရဲစခန်းကိုမသွားစေရဘူး"
ဆောင်ဟိုထံမှဖိုင်တွေကိုအတင်းလုလာတဲ့လူကို ဖယ်ရင်း စာကြည့်ခန်းထဲကထွက်ဖို့ခြေလှမ်းခဲ့ပေမဲ့ လူရင်းဆီကနောက်ကျောဓားနဲ့ထိုးခံရသလို ဂျယ်မင်ရဲ့ဘယ်အချိန်ထဲကဝှက်ယူလာခဲ့မှန်းမသိသော ဓားမြှောင့်လေးက နောက်ကျောကို အချက်ပေါင်းများစွာကျရောက်လာသည်။ မြေပြင်ပေါ်ကို ဖိုင်တွေနဲ့အတူလဲကျသွားတဲ့နောက်မှာတော့ ဂျယ်မင်ဟာသတိကပ်သွားပုံရသည်
ထောင်ကျမှာစိုးတဲ့အပူဟာနှစ်ဆင့်ထပ်ပြီးပူလောင်လာကာ ဘာလုပ်ဘာကိုင်ရမယ်မသိ..သွေးအိုင်ထဲလဲကျနေတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ကာမှင်သက်နေမိသည့်အချိန် အခန်းထဲ၀င်လာခဲ့တဲ့ကလေးလေးတစ်ယောက်၊