2

208 20 6
                                    

" လှတယ်

နာမည်က"

စကားအနှောင့်အသွားမလွတ်တဲ့သူကြောင့် ဘာမဆိုင် ညာမဆိုင် ပါးတွေရဲတက်လာသလိုခံစားရသေးသည်ဘာလို့ ဟီဆွန်းနဲ့ရှိရင် နေရခက်နေရတာလဲ

" ကျေး-ကျေးဇူးပါ"

ကျေးဇူးတင်စကားနောက်တွင် အတန်ကြာ ပြန်ပြီးစကား၀ိုင်းကဆိတ်ငြိမ်လို့သွားသည်။ ဂျောင်၀န်း ဟီဆွန်းရဲ့ ဒေါက်ထောက်ပြီးလိုက်ကြည့်နေတဲ့ ဟေဇယ်မျက်၀န်းတွေကြောင့်တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်လာရ၏ အရှေ့က ရှန်ပိန်ခွက်ကိုလှမ်းယူမိတော့ လက်ပေါ်ကနေထပ်ဆင့်အုပ်ကိုင်ပြီး လှမ်းတားသည်

" ကလေးတွေက အယ်ကိုဟောမသောက်ရဘူး "

ပိုင်စိုးပိုက်နက်ဖြင့် ဂျောင်၀န်းလက်ထဲကရှန်ပိန်ခွက်ကိုယူသွားကာသောက်နေသည့် မျက်စိရှေ့ရှိ ဟီဆွန်းကိုငေးကြည့်နေရင်းမှ ရှန်ပိန်သောက်နေပုံဟာ အလွန်ကိုမှမက်မောဖို့ကောင်းကြောင်းသတိထားမိသည်
အထက်အောက် လှုပ်ခတ်သွားတဲ့လည်ပင်းက အာဒံပန်းသီးကဲ့သို့သော ယောင်္ကျားပီသမှုကိုပြသည့်မြင်ကွင်းကြောင့် ဂျောင်၀န်းကိုယ်တိုင်အကြည့်လွဲကာ ချောင်းဟန့်မိတော့သည်။

ဂျောင်၀န်းအသံကိုကြားတော့ ရှန်ပိန်ခွက်ကိုချကာ ဟီဆွန်းကမခိုးတရို့ရယ်သည် ထိုနောက် လက်ဖြောက်တစ်ချက်မျှတီးကာ စားပွဲထိုးလေးကိုခေါ်၏

" လိမ္မော်‌ရည်ချပေးလိုက် အဲ့ကလေးအတွက်"

ဂျောင်၀န်းမှာ စိတ်ထဲအနည်းငယ်တော့ချဉ်တူးသွားရသည် သူ့ထက်အသက်ကြီးတယ်ဆိုတိုင်းလူကို မွေးခါစလိုဆက်ဆံနေသလိုခံစားရသည် ဒီဘဲကြီးက ခန့်ပေမဲ့ မမိုက်ပါဘူးကွာလို့ စိတ်ထဲကြိတ်ပြောရင်း စားပွဲထိုးပေးတဲ့လိမ္မော်‌ရည်ကိုသာ သောက်နေလိုက်သည်။

ဂျောင်၀န်းကို တစ်ယောက်ထဲလွှတ်မထားနိုင်တဲ့လူက စကားလမ်းကြောင်းကိုဒုတိယအကြိမ်စတင်လာသည်

"ဂျောင်၀န်း ဟုတ်?"

" ဟုတ်-ဟုတ်ကဲ့ဗျ"

" ကိုယ်ကတော့ ချာတိတ်ပဲကြိုက်တယ် ချာတိတ်လို့ခေါ် မယ် ရတယ်မလား"

psychological painting Where stories live. Discover now