4

288 22 4
                                    

"ဘာပြောစရာရှိလို့လဲ အကို"

ဂျောင်၀န်း ကျောင်းကအပြန်လမ်းမှာရပ်နေရင်းမှ မလှမ်းမကမ်းမှာရှိတဲ့ဂျေးကိုလှမ်းကြည့်ကာမေးသည်။ ရာသီဥတုက ဒီနေ့သိပ်မကောင်း၊ မိုးသားတွေကမည်းမှောင်နေကာ မိုးသက်လေပြင်းကလည်းတစ်ချက်တစ်ချက်တိုတ်ခတ်သွားသေးသည် မကြာခင်မှာ မိုးရွာသွန်းတော့မှာကို အတပ်သိနိုင်၏။ တကယ်တမ်း ဂျောင်၀န်း ဂျေးကိုရှောင်နေတာတစ်ပတ်ရှိပြီ တိုက်ခန်းလည်းမပြန်ပဲအိမ်မှာနေနေခဲ့တာ ဘွဲ့အခမ်းအနားနေ့ထဲက နှစ်ယောက်ကစကားမပြောဖြစ်သလို ဂျောင်၀န်းဘက်ကလည်းအမြဲလိုလိုကျောင်းမှာ ဂျေးနဲ့ထိပ်တိုက်မတွေ့မိအောင်နေသည်။

အကိုဂျေးကို ဖြစ်ခဲ့တဲ့ကိစ္စနောက်ပိုင်းမုန်းခြင်းမရှိသော်လည်း စိတ်ထဲခုနေတာမလို့ဖြစ်ပါလိမ့်မည်။ ဘယ်လိုပဲပြောပြော အနမ်းခံရမဲ့ဆက်ဆံရေးမျိူးမှမဟုတ်ခဲ့တာလေ။ နောက်ပြီးအကိုဂျေးက သူ(ဂျောင်၀န်း) အပေါ်မှာ ဟီဆွန်းနဲ့ပတ်သတ်ပြီး လျို့ဝှက်ထားသလိုခံစားရ၍ အကိုဂျေးကိုစိတ်ဆိုးနေမိခြင်းသာ။
တစ်ယောက်အပေါ်တစ်ယောက်မှီခိုရင်း အကြံပေးရင်ဖွင့်နေထိုင်ခဲ့ကြတဲ့ ဆက်ဆံရေးက ဘွဲ့ယူအခမ်းအနားနေ့မှာတင် ပြိုကွဲလို့သွားကုန်ပြီ

ဟီဆွန်းနဲ့ကလည်း စကားသိပ်မပြောဖြစ်ကြ၊ မပြောဖြစ်တာထက်ဆို ကိုကိုကသူ့ကိုရှောင်နေသလိုခံစားရပါသည် အလုပ်များနေလို့ဆိုကာ လာပင်မတွေ့သလို အတွေ့လည်းမခံ။

" အိမ်ကလာမကြိုဘူးလား အကိုလိုက်ပို့မယ်"

ဂျောင်၀န်းကို ပြန်ဖြေရင်း ဂျေးက နှာရိုးပေါ်လျောကျနေသော မျက်မှန်ကိုင်းလေးကိုပင့်တင်လိုက်သည် ဖြစ်ပြီးခဲ့တာတွေကို လျစ်လျုရှုထားသလို မသိချင်ယောင်ဆောင်ကာ ပြောဆိုနေခြင်းက ဂျောင်၀န်းကိုစိတ်ပိုဆိုးစေပါသည် ထိုကြောင့်လည်း လက်သီးကိုခပ်တင်းတင်းဆုပ်မိရင်း

"ဘာလို့လဲ..ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ"

" သဘောကျမိခဲ့လို့..မင်းကို"

ဂျောင်၀န်းရဲ့အမေးစကားကို ထပ်ကြားရတော့ ဂျေးကသက်ပြင်းတိုးတိုးချပြီးမတုံ့မဆိုင်းပဲဖြေသည် ဂျောင်၀န်းမှာထိုအဖြေကြောင့်မျက်လုံးအဝိုင်းသား၊ မထင်မှတ်ထားသလို ထင်လည်းမထင်မိခဲ့တဲ့သူဆီက ကြားရတဲ့ဖွင့်ဟချက်က ဂျောင်၀န်းကိုအံဩမှုတွေနဲ့ပြည့်နှက်စေသည်
အခန်းဖော်၊အကိုတစ်ယောက်၊သူငယ်ချင်းတစ်ယောက်.. စသည့်ဖြစ်တည်မှုတွေနဲ့သာဂျောင်၀န်းဘ၀ထဲရှိနေပေးခဲ့သူက ဘယ်ချိန်ထဲကစည်းကျော်နေခဲ့သလဲ မသိခဲ့။

psychological painting Where stories live. Discover now