သူကြီးနမ်းမယ့်ပန်းကလေး-(Part-1)🚨🚨
''ဦးဒီ ရှင်တော်တော် အကြံပက်စက်တဲ့လူပဲ''
''ဟားဟား ဟုတ်တာပေါ့ ငါက အစကတည်းက ဒီလိုလူပဲလေ သဲတုန်ချစ်ရဲ့''
''ဦးဒီရဲ့တူနဲ့ ချစ်နေတာတောင် သိရက်နဲ့ ကိုယ့်တူရဲ့ချစ်သူကို လုယူရဲတဲ့ ရှင်လိုလူရဲ့ စိတ်ဓာတ်မျိုးကို ကျွန်မ ရွံလွန်းလို့ ဘယ်လိုစကားနဲ့ ခိုင်းနှိုင်းရမှန်းတောင် မသိတော့လောက်အောင်ပဲ''
''အေး ပြောချင်တာ ပြောပြီးရင် မင်္ဂလာဦးကုတင်ပေါ်တက်လိုက်''
သဲတုန်ချစ် ဧရာရွာရဲ့ခေါင်းဆောင်သူကြီး ဦးဒီရေကိုကို့ကို နာကျင်စူးရှစွာ မျက်လုံးတွေနဲ့ စိုက်ကြည့်လာသည်။ ထိုအကြည့်စူးစူးတွေကို ဦးဒီရေကိုကိုက ဘာမှမဟုတ်သလို စာတောင်မဖွဲ့ဘဲ အလိုရှိရာယူဖို့ပြင်ဆင်နေသည်။ ဒီညက ဦးဒီရေကိုကိုနဲ့သဲတုန်ချစ်တိုရဲ့မင်္ဂလာဦးည..။
သဲတုန်ချစ်နဲ့လမင်းတို့ ချစ်ကြိုက်နေတာ ဆွေမျိုးမိဘအသိုင်းအဝိုင်းမကဘူး တရွာလုံးကသိကြသည်။ ထို့အပြင် အခုလက်ရှိခင်ပွန်းအဖြစ် တော်ထားရတဲ့ သူကြီးဦးဒီရေကိုကိုကိုယ်တိုင်လည်း သဲတုန်ချစ်နဲ့ သူ့ရဲ့တူတော်မောင် လမင်းနဲ့ ချစ်ကြိုက်နေတာ သိနေတာတောင် သဲတုန်ချစ်ကို အကြွေးနှင့် အတင်းလက်ထပ်ယူသတဲ့လေ။ ဘယ်လောက်စိတ်ဓာတ်အောက်တန်းကျလိုက်တဲ့လူလဲ..။
သဲတုန်ချစ်တို့ဆိုတာက ရွာသူရွာသားဖြစ်တဲ့အလျောက် မိဘဆွေမျိုးတွေကလည်း လယ်ယာလုပ်ငန်း တောင်ယာလုပ်ငန်းနဲ့ပဲ အသက်မွေးကြရသည်။ အစဥ်အဆက်လုပ်ကိုင်လာတဲ့ လယ်ယာလုပ်ငန်းကလည်း နောက်ပိုင်းတဖြည်းဖြည်းအခြေအနေဆိုးရွားလာသည်။ စပါးတွေ ပဲတွေ အထွက်များပေမဲ့ စပါးဈေးပဲစျေးမရှိတော့ စီးပွားရေးကြပ်တည်းသထက် ကြပ်တည်းလာသည်။ စီးပွားရေးကြပ်တည်းလာတာနဲ့အမျှ ပိုင်ဆိုင်သမျှလယ်ယာမြေကွက်တွေ စပါးခင်းတွေ ဦးဒီရေကိုကိုဆိုတဲ့ သူကြီးဆီမှာ ပေါင်နှံချေးငှားရသည်။ ဒီထဲတွင် သဲတုန်ချစ်တို့ မိဘတွေကလည်း ဦးဒီရေကိုကိုရဲ့ အကြွေးတွေကိုယူထားတဲ့လူတွေထဲက အပါအဝင်ဖြစ်နေခဲ့သည်။ နောက်ပိုင်း အကြွေးတွေမပေးနိုင်တဲ့အပြင် တစတစ တိုးလာတဲ့အတိုးတွေကြောင့် မိဘတွေက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် ဦးဒီရေကိုကိုဆိုတဲ့ အခွင့်ကောင်းသမားကလည်း ဒီအခွင့်အရေးကိုချောင်းကာ သဲတုန်ချစ်ရဲ့ မိဘတွေကို ဖိအားပေးပြီး သူနဲ့လက်ထပ်ပေးဖို့အတင်းကြပ်စီစဥ်တော့သည်။
YOU ARE READING
သူကြီးနမ်းမယ့်ပန်းကလေး🚨🚨🔞
Fantasyအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨