Part 10

18.6K 146 14
                                    

သူကြီးနမ်းမယ့်ပန်းကလေး-(Part-10 )🚨🚨

ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက် ကိုလမင်းနဲ့ မဝတ်ရည်လည်း အလျှင်အမြန်ယူလိုက်ကြရသည်။ ကိုယ်ဝန်ကြောင့်ဆိုတာတော့ အားလုံးဖုံးကွယ်ပေးထားပေမဲ့ နောက်ငါးလနေရင် ကလေးလေးက လူ့လောကထဲကို ရောက်လာတော့မှာမို့ရွာသူရွာသားတွေလည်း ထိုအချိန်ကျရင် သိရမည်။ ဒါပေမဲ့ ဒါတွေကအရေးမကြီးတော့ပေ။  ကလေးအဖေလည်းရှိပြီး မိသားစုဖြစ်သွားပြီမို့ ဒီကိစ္စအတွက် သိပ်ပူပန်စရာမလိုတော့ပြီ။ အစက ဦးဒီရဲ့အစ်မ ကိုလမင်းရဲ့အမေကတော့ မဝတ်ရည်နဲ့သဘောမတူဘူးဆိုပေမဲ့ ကလေးလေးရှိနေပြီဖြစ်တဲ့အကြောင်းပြောတော့မှ လက်ခံပေးခဲ့သည်။ ကိုလမင်းကိုလည်း ဦးဒီက မိန်းကလေးတစ်ယောက်ကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ ဆုံးမခဲ့ပေမဲ့အဓိကကာယကံရှင်က ကိုလမင်းမို့ သိပ်ပြီးများများစားစား မပြောတော့ပေ။ အသိရှိတဲ့ခင်ပွန်းက သူတို့ရဲ့အိမ်ထောင်ရေးကို သူတို့လက်နဲ့ပဲ တည်ဆောက်ကြရမည်မလား။ ဘာပဲပြောပြော ကိုယ်တွေက ဘေးလူမို့။

ဦးဒီနဲ့သဲတို့က ခပ်တမ်းတမ်း ဖြစ်နေကြသေးသည်။ ကြည့်ရတာ ဒီတစ်ခေါက် ပြသာနာကြောင့် သဲကို မကျေနပ်တာမျိုး ရှိနေလောက်မည်ထင်ပါရဲ့။ ဖြစ်လောက်မှာပေါ့လေ ဒီကိစ္စမှာ သဲက သူ့ကိုတော်တော်ကြီး စွပ်စွဲပြောဆိုထားတာမလား။ နောက်ပြီး ကိုယ်ထိလက်ရောက်ပါ လုပ်ထားသေးတာ။ ဒီကိစ္စမှာ သဲ အပြည့်အဝမှားတယ်ဆိုတာ လက်ခံပါတယ် နောက်ပြီး ကိုယ့်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကိုလမင်းနဲ့ သမီးရည်းစားဖြစ်နေတဲ့အချိန်မှာတောင် တဖက်မိန်းကလေးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်း သိလိုက်ရတဲ့အချိန် ဖောက်ပြန်မှုက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ လက်တွေ့သိလိုက်ရသည်။အခုလက်ရှိအိမ်ထောင်ရေးရော အနာဂတ်အိမ်ထောင်ရေးမှာပါ ဖောက်ပြန်မှုတွေ ပါလာခဲ့ရင် နာကျင်ရတော့မှာ လက်တွေ့သိထားပြီးပြီလေ။ တစ်စုံတစ်ယောက်ကများ ဖောက်ပြန်လာခဲ့ရင် သဲအနေနဲ့ ဘယ်လိုမှ ခံနိုင်ရည် မရှိနိုင်တော့။

''အေးပုံ''

''ရှင့် မသဲ ဘာကိစ္စရှိလို့လဲ ဘာခိုင်းစရာရှိလို့လဲဟင်''

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

သူကြီးနမ်းမယ့်ပန်းကလေး🚨🚨🔞Where stories live. Discover now