Part-7

9.6K 70 1
                                    

သူကြီးနမ်းမယ့်ပန်းကလေး-(Part-7)🚨🚨

အရမ်းမူးနေတဲ့မျက်နှာနီစစနဲ့ အနီးမှာရှိနေတဲ့ သဲကို တစိမ့်စိမ့်ကြည့်လေသည်။

'' တစိမ့်စိမ့်ကြည့်တော့လည်း မင်းကလှသားပဲ၊  ဟိုနေရာတွေဆိုပိုလှတယ်''

''ရှင် အမူးသမားလား ဒီလိုစကားတွေက အမူးသမားတွေပြောတာပဲလား၊ တော်တော်လေးကိုလူလည်ကျလွန်းနေတာလား၊ ရူးချင်ယောင်ဆောင်နေတာလားတော့မသိဘူး၊ တော်လိုက်တော့ လူယုတ်မာရဲ့''

အခုအချိန်မှာ သဲ သူ့ကိုတော်တော်လေး သည်းခံထားရတာကတော့အမှန်တရားပဲ။

''သဲ..''

''သဲ..''

''ကျစ် မင်းကိုခေါ်နေတယ်လေ ''

''ဒီမှာဘယ်အမူးသမားက ဒီလောက်စကားတွေအများကြီးပြောလို့လဲ၊ ရှင်သက်သက် ကျွန်မကို ဒုက္ခ​​ပေးနေတာမလား''

'' မူးနေတာကို လိမ်​ပြီး မူးပြရမှာလားဟ''

''ဟူးး''

''တကယ် သိလား ''

''တော်ပါတော့ မူးနေရင်လည်း အေးဆေးအိပ်လိုက်ပါတော့၊ တစ်ပါးသူကိုဒုက္ခမပေးပါနဲ့တော့ ''

''ဒုက္ခလို့မမြင်ပါနဲ့ အဲဒါတွေကသုခပါကွာ၊ မင်းနဲ့ငါကလင်မယားတွေ​လေ၊ တမိသားစုတည်း ဖြစ်သွားပြီ ၊ မိသားစုဆိုရင် အဆိုးတူအ​ကောင်းဖက်
ပေါ့ကွာ''

မသိရင်ပဲ သဲတုန်ချစ်က မကောင်းတဲ့မိန်းမကြီးကျနေတာပဲ။ အစကတည်းက ဒီလိုတွေသာ တွေးတတ်ရင် ဘာလို့အတင်းယူခဲ့သေးလဲ။ သူမဘက်ကရော ဝင်မခံစားပေးတော့ဘူးလား ။ ဘယ်လိုနာကျင်နေရမလဲ ချစ်တဲ့သူနဲ့ဘယ်လိုကွေကွင်း​ခဲ့ ရ​လဲ။  မချစ်တဲ့သူနဲ့အတူတူဆက်နေရတဲ့ဒုက္ခကို နည်းနည်းလေးမှ ကိုယ်ချင်းမစာ​တတ်ဘူးလား။

ဘာမှဆက်ပြောချင်တော့တာကြောင့် သဲတုန်ချစ်လည်း ဦးဒီကို မမြင်ချင်ယောင်ဆောင်ကာ တဖက်က လွတ်နေသော နေရာလေးမှာ ဝင်လဲအိပ်လိုက်တော့သည်။ ထိုအခါ ခပ်ဟဟရယ်သံတချက် ကြားလိုက်ပြီး လက်တဖက်က သူမခါးသိမ်သိမ်းလေးဆီ ရောက်လာကာ တင်းကြပ်စွာ ပွေ့ဖက်လာသည်။

''လာမထိနဲ့''

''ဟော ငြိမ်ငြိမ်နေနော် မဟုတ်ရင် ဖက်တာထက်ပိုတာတွေ လာမှ အဆိုးမဆိုနဲ့ ''

သူကြီးနမ်းမယ့်ပန်းကလေး🚨🚨🔞Where stories live. Discover now