part-3

12.3K 95 2
                                    

သူကြီးနမ်းမယ့်ပန်းကလေး-(Part-3)🚨🚨

''ဖျားနေတာ ဘယ်နှရက်ရှိပြီလဲ''

''သုံးရက်လောက်တော့ရှိတော့မယ်၊ အဖျားကတက်လိုက်ကျလိုက်နဲ့''

''မူးဝေတာတွေရောရှိသေးလား''

''မရှိပါဘူး''

''ဒါဆို ကျွန်မအဖျားကျဆေးလေထိုးပေးလိုက်မယ်၊ သောက်ဆေးတော့ပုံမှန်ဖြစ်အောင်သောက်နော်''

''ဟုတ်ကဲ့ပါ''

''ဒါနဲ့သူကြီးနဲ့မသဲတို့က ကြင်စဦးဇနီးမောင်နှံတွေဆိုတော့ ဒီကိစ္စရပ်တွေတော့ရှိမှာပါပဲ''

သဲတုန်ချစ် ဘယ်လိုအခြေအနေကနေ ဖျားတယ်ဆိုတာ ကျန်းမာရေးမှူးလေးက သိနေတော့ ကျန်းမာရေးရှူထောင့်ကနေ မရှက်မရွံ့ဘဲပြောပေးလာသည်။

''အမျိုးသမီးဘက်ကအားနည်းနေရင် အမျိုးသားဘက်က ဆင်ခြင်ပေးနိုင်မှ ဒီအိမ်ထောင်ရေးကသာယာနိုင်မှာပါ၊ အမျိုးသမီးကနာကျင်နေရင်အမျိုးသားဘက်က အတင်းအကြပ်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ''

ကျန်းမာရေးမှူးကြီးရဲ့စကားကြောင့် အခန်းထဲမှာရှိနေတဲ့ သူကြီးဦးဒီရေကိုကိုရော သဲတုန်ချစ်တို့ပါ အသီးသီးမျက်နှာလေးတွေ နီမြန်းသွားပြီး ရှက်ရွံ့သွားကြသည်။ ဆရာမလေးကတော့ ဘာမှမဖြစ်သလို ဘာမှမဟုတ်သလို ကြုံတွေ့နေကျကိစ္စတစ်ခုလို စကားဆက်ပြောလာခဲ့သည်။

''ဒါနဲ့သူကြီးတို့က ကလေးတန်းယူမှာလား''

''ဗျာ''

''ကလေးယူမယ့်ကိစ္စလေ''

''ဒီကိစ္စအတွက် လင်မယားနှစ်ယောက်က မတိုင်ပင်ရသေးပါဘူး''

''ဟုတ်ကဲ့ အိမ်‌‌ထောင်‌ပြုလိုက်ပြီဆိုတာနဲ့ ကလေးယူခြင်းမယူခြင်းက အိမ်ထောင်တာဝန်ရပ် တစ်ထောင့်တစ်နေရာကနေ မရှိမဖြစ်ပါဝင်လာတာပါပဲ၊ မဖြစ်မနေ ယူရမယ့်လို့ မဆိုလိုသလို မယူရဘူးလို့လည်း မသတ်မှတ်ထားဘူး၊ လင်နဲ့မယားရဲ့ ဆန္ဒကရှိသေးတယ်မလား၊ တကယ်လို့ သူကြီးတို့ကလေးမယူချင်သေးဘူးဆိုရင် တားဆီးမယ့်နည်းလမ်းတွေအများကြီးရှိပါတယ်၊ အဆင်အသင့်မဖြစ်သေးလို့ ကလေးရလာခဲ့ရင် သူကြီးတို့အတွက်လည်း အဆင်မပြေဖြစ်သလို ဘာမှမသိတဲ့ရင်သွေးလေးလည်းမကောင်းဘူးမလား''

သူကြီးနမ်းမယ့်ပန်းကလေး🚨🚨🔞Where stories live. Discover now