သူကြီးနမ်းမယ့်ပန်းကလေး-(Part 6)🚨🚨
'' သာအေး ထန်းရည်တပုလင်းချကွာ''
''သူကြီး ထူးထူးဆန်းဆန်းပါလား၊ ဘာလဲ ကျုပ်တို့ကို ရေခိုးရောင်းနေတယ်လို့ ထင်ပြီး လာစစ်ဆေးတာမလား၊ သူကြီးရာ ကျုပ်တို့က ဒီလိုလူစားမျိုးမဟုတ်ဘူးနော်၊ ထန်းရည်ကို ဘာရေမှမရောဘူး၊ ကျုပ်တို့က ထန်းပင်တွေကိုချစ်တယ် ထန်းရည်ကိုချစ်တယ် ကိုယ်ချစ်တဲ့အရာနဲ့စီးပွားလုပ်စားနေတာ''
'' ကြီးကြီးကျယ်ကျယ်နဲ့ကွာ အေးပါ သာအေး မင်းကထန်းရည်မှာ ရေမရောပါဘူး၊ ဆန်ဆေးရည်ပဲရောမှာမလား၊ ငါ့ကို တပုလင်းလာချပေး''
''ကိုသာအေး ရှင်လျှာကြောရှည်နေသေးတယ်နော်၊ သူကြီးက ချပေးဆို ရှင်ကချပေးလိုက်ပေါ့၊ ဒီလိုနဲ့အလိမ်တွေပေါ်ကုန်တော့မယ်''
ဘာအေးမိန်းမက သာအေးကို ခပ်ကြိတ်ကြိတ်လှမ်းဆူသည်။ နွားနို့မှာရေရောတာတို့ ထန်းရည်မှာဆန်ဆေးရည်ရောကြတာတို့ အားလုံးတစ်ရွာလုံး သိနေကြတာကို ထူးထူးဆန်းဆန်းလုပ်လို့။ ဒီရေကိုကိုလည်း စိတ်ညစ်လက်ညစ်နဲ့ သာအေးပေးတဲ့ ထန်းရည်ကို ပဲကြော်နဲ့ တကျွတ်ကျွတ်ဝါးကာ အရသာခံ၍ သောက်နေလိုက်သည်။ ဒီရေကိုကိုတို့က ရွာအခံမို့ အသောက်အစားတော့ အကျွမ်းတဝင်မဟုတ်ပေမဲ့ လွတ်ကင်းတဲ့သူလည်းမဟုတ်။ အခုလည်း အိမ်ကမိန်းမနဲ့စိတ်ဆိုးပြီး သာအေးထန်းတောထဲမှာ ထန်းရည်လာသောက်နေမိသည်။
'' သာအေး''''ဗျာ''
''နောက်တပုလင်းထပ်ချပေးဦးကွာ''
''ဟုတ်ကဲ့ သူကြီး''
သာအေးကလည်း သူကြီးပြောတဲ့အတိုင်း ထန်းရည်နောက်ပုလင်းယူကာ သူကြီးဆီ သွားပေးသည်။
''သာအေး ထိုင်ဦးကွာ''
သူကြီးဒီရေကိုကိုက အရှေ့က လက်ဖက်သုပ်ကို တဇွန်းခပ်စားလိုက် ထန်းရည်တခွက်မော့သောက်ပြီးမှ စကားစသည်။
''သာအေး မင်း မစန်းနဲ့ ယူတာ ဘယ်နှနှစ်ရှိပြီလဲ''''ဗျာ''
''စကားကိုနှစ်ခါမပြောချင်ဘူးသာအေး၊ ငါညစ်လာတာနော် မကြားဘူးလား''
YOU ARE READING
သူကြီးနမ်းမယ့်ပန်းကလေး🚨🚨🔞
Fantasyအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨