'ကျစ်..ဘာကိစ္စနဲ့ဒီမှာအိပ်နေပြန်တာလဲကွာ...''
တစ်ရေးနိုးရေထသောက်ချိန်...မီးဖိုချောင်ကြွေပြားပေါ်မှာဖျာလေးခင်းကာအိပ်နေသောထိုအမျိုးသမီးကိုတွေ့လိုက်ရ၍လိုတရမျက်မှောင်ကြုတ်မိသွားသည်...
''သူ့အသက်အရွယ်နဲ့လေဖြတ်သွားရင်ငါပါအမှုပတ်ဖို့''
အိပ်ပျော်နေသောသူမအားအသာယာပွေ့ကာအခန်းဆီခေါ်လာခဲ့လိုက်သည်...
တစ်ခါတလေ လိုတရ..ကိုယ့်ကိုကိုယ်တောင်သိပ်နားမလည်ချင်....ဒီမိန်းမကိုခါးခါးသီးသီးမုန်းနေသည့်တိုင်အောင်မသိစိတ်ကစိတ်ပူနေမိတာ......''နဖူးကဘာဖြစ်ရပြန်တာလဲ..ဒီမိန်းမ''
သွေးစို့နေသောပတ်တီးစလေးကိုအသာဖယ်လိုက်တော့ပေါက်ပြဲနေသောနဖူးပြင်...
ဒါဟာလိုတရလက်ချက်ပေါ့......''ဒီလောက်ဖြစ်နေတာတောင်တစ်ခွန်းမပြောဘူး...ဒီမိန်းမကတော့''
''လိုတရ....မင်း...''
နဖူးပြင်မှာစပ်ရှိန်းရှိန်းလေးဖြစ်လာတာကြောင့်.စွဲမျက်လုံးဖွင့်ကြည့်လိုက်ချိန်..လိုတရကစွဲရဲ့နဖူးကိုဆေးလိမ်းပေးနေသည်....
''ခင်ဗျားတော်တော်သေချင်နေတာလား
ဒေါ်စွဲမက်မောခင်...''ပလာစတာအသစ်လေးပြန်ကပ်ပေးလိုက်ပြီး
''စေတနာပါလွန်းလို့တော့မထင်နဲ့..စောစောသေသွားရင်လက်စားဝအောင်မချေလိုက်ရမှာစိုးလို့လုပ်ပေးနေတာ....''
နဖူးကဒဏ်ရာကိုဆေးထည့်ပေးပြီးအခန်းထဲကပြန်ထွက်ဖို့လုပ်ချိန်...
''eden''
စွဲရဲ့ခေါ်သံကိုသူကြားသွားတဲ့ပုံပါဘဲ........လိုတရကစွဲဘက်ပြန်လှည့်လာပြီး
''edenဆိုတာသေဆုံးသွားပါပြီဒေါ်စွဲမက်မောခင်...အခုရှိနေတာ..လိုတရပါ......''
ပိတ်သွားတဲ့အခန်းတံခါးကိုကြည့်ရင်းစွဲခပ်တိုးတိုးရေရွတ်မိတာက..
''Edenကငါ့နှလုံးသားထဲမှာတော့ရှင်သန်နေဆဲပါလိုတရ.......သိပ်ကိုဖြူစင်ပြီး...ကြင်နာတတ်တဲ့... ရိုးသားတဲ့ပုံရိပ်လေးအနေနဲ့ပေါ့..''
...............
တဖြည်းဖြည်းနဲ့ လှောင်အိမ်ထဲကငှက်လိုမျိုး..စွဲ..သူ့နားမှာနေသားကျလာခဲ့သည်.......
YOU ARE READING
မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏
Random''မာနကြီးတာလား.....အဲ့မာနတွေကိုတစ်စစီရိုက်ချိုးပြမယ်..အန်တီစောင့်နေလိုက်....'' လိုတရ ''မင်းကငါ့မာနကိုဘဲမြင်ပြီးငါ့နှလုံးသားကိုဘယ်သောအခါကမှမြင်အောင်မကြည့်ခဲ့တာမင်းမှားတာဘဲ..'' ဒေါ်စွဲမက်မောခင် ချစ်ခြင်းမေတ္တာနဲ့တွေ့လိုက်ရင်မိုးထိအောင်မြင့်ပါတယ်ဆိုတဲ့...