'''သူကဘယ်သူလဲမိန်းမ''
ကုမ္ပဏီကပြန်လာသော လိုတရကစွဲနောက်မှာရပ်နေသောထားညိုကိုကြည့်ကာမေး၏
''ကျွန်မတို့အိမ်ကအဒေါ်ကြီးရဲ့သမီးပါ...အဒေါ်ကြီးဆုံးတော့ဖေဖေ့တို့အိမ်မှာကယောကျာ်းသားတွေချည်းဘဲရှိတာနဲ့မသင့်တော်လို့ဒီမှာခေါ်ထားမလို့ပါ''
''အင်း...မိန်းမသဘောဘဲလေ...မောင်အခုဗိုက်ဆာနေလို့တစ်ခုခုကျွေးပါအုံး''
''မောင်ကတော့လေ..ဖြစ်ရမယ်...ရေအရင်ချိုးပါအုံး..''
''ဟုတ်...''
အပေါ်ထပ်ကိုတက်သွားသောလိုတရကိုကြည့်ကာထားညိုရဲ့နားထဲဝယ်...ဉီးလေးသူရိန်မှာလိုက်သောစကားများကိုပြန်ကြားယောင်နေမိသည်
''ဘယ်လိုနေနေအဲ့ဟာမကိုဟိုးအောက်ဆုံးထိရောက်အောင်ရိုက်ချပစ်ရမှာမို့နင်ကသူ့ရဲ့အတွင်းသတင်းမှန်သမျှကိုရအောင်လုပ်ပြီးငါ့ဆီသတင်းပေး''
မိမိကိုကျွေးမွေးခဲ့သောကျေးဇူးရှင်များတွက်ထားညိုကြိုးစားရပေအုံးမည်.
''ထားညို..ဘာတွေတွေးနေတာလဲ ''
''ရှင်..မမ''
''လာ...ထားညိုနေရမဲ့အခန်းပြပေးမယ်''
''ဟုတ်''
''အဖွားနဲ့ကခဏနေရင်မိတ်ဆက်ပေးမယ်နော်''
''ဟုတ်ကဲ့မမ''
ထားညိုကိုနေရာချပေးပြီးနောက်စွဲအပေါ်ထပ်ကိုပြန်တက်လာခဲ့သော်မောင်ကရေချိုးခန်းမှ bathrode
ဖြင့်ထွက်လာလေသည်''အဝတ်အစားထုတ်ပေးပါအုံးမိန်းမ''
''မောင်တစ်ယောက်ဟာလေ..ဘယ်တော့မှသူ့ကိစ္စသူမလုပ်ဘူး''
လိုတရကစွဲရဲ့ခါးကိုအနောက်ကနေဖက်ကာပခုံးပေါ်မေးတင်ရင်း
''ဟိုတစ်ခုတော့မောင့်ဘာသာလုပ်ပါတယ်ကွာ''
''မောင့်......''
ဗီရိုကရှပ်အင်္ကျီတစ်ထည်နဲ့ဘောင်းဘီရှည်တစ်ထည်ထုတ်ကာ
''ရော့..ဝတ်ပြီးမြန်မြန်ဆင်းလာခဲ့...''
''ဟုတ်ကဲ့ပါ...ဟောဒီကမောင့်အိမ်ရှင်မကြီးသဘောတိုင်းပါ''
ပြောင်စပ်စပ်လုပ်နေသူကိုမျက်စောင်းတစ်ချက်ထိုးကာစွဲအောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်...
YOU ARE READING
မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏
De Todo''မာနကြီးတာလား.....အဲ့မာနတွေကိုတစ်စစီရိုက်ချိုးပြမယ်..အန်တီစောင့်နေလိုက်....'' လိုတရ ''မင်းကငါ့မာနကိုဘဲမြင်ပြီးငါ့နှလုံးသားကိုဘယ်သောအခါကမှမြင်အောင်မကြည့်ခဲ့တာမင်းမှားတာဘဲ..'' ဒေါ်စွဲမက်မောခင် ချစ်ခြင်းမေတ္တာနဲ့တွေ့လိုက်ရင်မိုးထိအောင်မြင့်ပါတယ်ဆိုတဲ့...