''မောင်''
လူကိုတင်းနေအောင်ဖက်ထားသောသူ့ကိုမော့်ကြည့်ကာခပ်တိုးတိုးခေါ်လိုက်တော့သူကမှိတ်ထားသောမျက်ဝန်းများကိုမဖွင့်ဘဲ..
''ရှူး...ဒီမှာအိပ်နေတယ်''
''အိပ်နေလည်းလွှတ်တော့...နေရခက်တယ်ကွယ်''
''မောင်ကလူနာလေ....ခင်ဗျား မောင့်ကိုအလိုလိုက်ရမှာပေါ့''
''မင်းကွယ်....ငါ့ကိုဆိုသိပ်အနိုင်ယူတာဘဲ....''
ရင်ခွင်ထဲဝင်ကာတီကောင်ဆားထိသလိုလာလုပ်နေသောဒေါ်စွဲမက်မောခင်ကြောင့်လိုတရမှာပီတိဖြာကာဒဏ်ရာတွေပင်မေ့နေ၏..
''ကဲ..နိုးရင်လည်းထတော့....ခဏနေအဖွားလာတော့မယ်...မြင်သွားရင်မကောင်းဘူး''
''ဘာမကောင်းစရာရှိလဲ.......မောင်နဲ့ခင်ဗျားကဇနီးမယားတွေဘဲကို....တူတူအိပ်တာကောင်းပါတယ်''
''တော်ပါ...အရင်ကဖြင့်..သူဘဲ....''
''မွ''
စွဲရဲ့ပါးပြင်ကိုနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်သောလိုတရ...
''အဲ့အကြောင်းတွေပြန်မပြောကြေး.....''
''လူလည်လေး''
လိုတရ..ရင်ခွင်ထဲကအမျိုးသမီးကိုခပ်တင်းတင်းဖက်လိုက်မိသည်..
''မောင်တို့ကလေးယူကြမလား''
''ကလေး....မောင်က ကလေးချစ်တတ်လို့လား''
''ချစ်တော့မချစ်တတ်ပါဘူး...ဒါမဲ့...ခင်ဗျားမွေးမဲ့ကလေးဆိုရင်တော့မောင်ချစ်ပေးနိုင်မှာပါ''
''မောင်လိုချင်တယ်ဆို..မွေးပေးမှာပေါ့.....''
'တကယ်နော်....မောင်ကဘောလုံးတစ်သင်းစာလိုချင်တာ....''
ထိုစကားကြောင့်စွဲသည်ရှက်သွားကာလိုတရရဲ့လက်မောင်းကိုထုတော့သည်
''အား....မိန်းမ..ဒဏ်ရာရှိတယ်....''
''ဟင်...နာသွားလား......စွဲမေ့သွားလို့ပါမောင်ရယ်....ဉုံဖွနော်.....''
''မပျောက်သေးဘူး..''
''ဉုံဖွ...ဉုံဖွ...ဉုံဖွ ''
လိုတရကစွဲကိုတဖန်ရင်ခွင်ထဲပြန်ဆွဲသွင်းကာနမ်းရှိုက်၏
''မောင် ခင်ဗျားကိုသိပ်ချစ်တယ်''
YOU ARE READING
မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏
Random''မာနကြီးတာလား.....အဲ့မာနတွေကိုတစ်စစီရိုက်ချိုးပြမယ်..အန်တီစောင့်နေလိုက်....'' လိုတရ ''မင်းကငါ့မာနကိုဘဲမြင်ပြီးငါ့နှလုံးသားကိုဘယ်သောအခါကမှမြင်အောင်မကြည့်ခဲ့တာမင်းမှားတာဘဲ..'' ဒေါ်စွဲမက်မောခင် ချစ်ခြင်းမေတ္တာနဲ့တွေ့လိုက်ရင်မိုးထိအောင်မြင့်ပါတယ်ဆိုတဲ့...