7 years later
''eden.....ဘယ်မှာပုန်းနေတာလဲသား....ကျောင်းသွားရမယ်လေ''
စွဲတစ်ယောက်....အိမ်ထဲပုန်းနေသောသားကိုရှာပုံတော်ဖွင့်ရသည်......ဘယ်သူနဲ့တူလို့တူမှန်းကိုမသိရအောင်သားကအတော်လေးဂျီကျတတ်ပါသည်
ကျိန်းသေပေါက်ကတော့သူ့မာမီလိုတရနဲ့တူတာဘဲပေါ့........မျက်ဝန်းနက်နက်လေးတွေ...မထူမပါးနှုတ်ခမ်းလေးနဲ့ဖြောင့်တန်းနေတဲ့နှာတံလေးတွေကသူ့မာမီနဲ့တစ်ပုံစံထဲတူနေလေသည်.......''ဝါး......မေမေ့''
''ဟော.......ဘာလို့ခုံအောက်ထဲဝင်ပုန်းနေရတာလဲ...''
စွဲ..သားအင်္ကျီမှာကပ်နေတဲ့ဖုန်တွေကိုခါပေးရင်း
''ဒီမှာကြည့်အုံး...အကုန်လုံးပေကုန်ပြီ....မေမေ့သားကတအားဆော့တာဘဲ....လာလာ...ဒါနဲ့ဘဲကျောင်းနောက်ကျတော့မယ်''
သားကိုကျောပိုးအိတ်လေးလွယ်ပေးရင်းစွဲကတော့အိတ်ကိုတဖက်လွယ်ကာတဖက်ကထမင်းချိုင့်ခြင်းကိုကိုင်၍အိမ်ကထွက်လာခဲ့သည်..
သားတို့ကျောင်းနဲ့စွဲတို့ဆိုင်ကနီးနီးလေးဘဲမို့သာတော်တော့သည်...မဟုတ်ရင်ကိုယ်တော်ချောလေးမွှေပုံနဲ့စွဲနေ့တိုင်းအလုပ်နောက်ကျရချည်သေးရဲ့...
''ကျောင်းမှာတအားမဆော့ရဘူးနော်သား...ဟုတ်ပြီလား ''
''ဟုတ်မေမေ''
စွဲ..သားရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်ပြီး
''ကဲ..မေမေသွားပြီနော်သား''''ဟုတ်.....တာ့တာ မေမေ''
သားကိုကျောင်းပို့ပြီးနောက်စွဲမှာဆိုင်ဆီသို့အလျင်
အမြန်သုတ်ချေတင်ရသည်...
ထောင်ကလွတ်လာချင်းမှာစွဲတွက်အလုပ်ရှာရခက်ခဲ့
ပေမဲ့ဖေဖေ့မိတ်ဆွေအန်ကယ်ထွန်းကကူညီပေးတာကဒီအလုပ်လေးကိုစွဲရခဲ့တာပါ....''တော်သေးတယ် စွဲရေ.......မမချောမရောက်သေးဘူး''
ရုံးထဲကတိုက်ကရိုက်ဝင်လာသောစွဲကို မရွှေဝင်းကလှမ်းပြောမှဘဲရင်ထဲကအလုံးကြီးကျတော့သည်
စွဲတို့ဆိုင်တာဝန်ခံမန်နေဂျာကစွဲကိုဆိုနှိပ်ကွပ်တတ်တာမို့အမြဲသတိထားနေရသည်..
YOU ARE READING
မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏
Random''မာနကြီးတာလား.....အဲ့မာနတွေကိုတစ်စစီရိုက်ချိုးပြမယ်..အန်တီစောင့်နေလိုက်....'' လိုတရ ''မင်းကငါ့မာနကိုဘဲမြင်ပြီးငါ့နှလုံးသားကိုဘယ်သောအခါကမှမြင်အောင်မကြည့်ခဲ့တာမင်းမှားတာဘဲ..'' ဒေါ်စွဲမက်မောခင် ချစ်ခြင်းမေတ္တာနဲ့တွေ့လိုက်ရင်မိုးထိအောင်မြင့်ပါတယ်ဆိုတဲ့...