Unicode
ညတွင်းချင်းပဲ ကုမျန်ရဲ့ Weibo အကောင့်က Follower ထောင်ပေါင်းများစွာ ရရှိခဲ့တယ်။
သူမရဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့စွမ်းရည်က အံ့မခန်းပဲ။
တကယ်တော့ ကုမျန်အကြောင်းပြောတဲ့အခါ ရွှယ်ကွေ့၀မ်ကို အထင်အကြီးစေဆုံးအရာက သူမရဲ့အထောက်အထားမဟုတ်သလို အင်တာနက်ပေါ်က သူမရဲ့ တဲ့တိုးစကားတွေလည်းမဟုတ်ဘဲ ဆုပေးပွဲညက သူမဝတ်ထားခဲ့တဲ့ ပန်းရောင်စိန်လည်ဆွဲလေးပဲ။
အဲ့လိုမျိုးလည်ဆွဲက အတော်လှပပြီး၊ ဈေးကြီးကာ လက်ရာမြောက်လှတယ်။ ဘယ်မိန်းကလေးမှ ထိုဆွဲဆောင်မှုကို မခုခံနိုင်ဘူး။ ထိုသို့သောလည်ဆွဲတစ်ကုံးက လည်ဆွဲဖြစ်ရုံသာမက ပိုက်ဆံနဲ့အဆင့်အတန်းရဲ့ သင်္ကေတလည်းဖြစ်တယ်။
၎င်းက မြင်ရပေမယ့် ရှာလို့မရတဲ့ လည်ဆွဲမျိုးပဲ။ ထိုညက ကုမျန်က ၎င်းကို တန်ဖိုးထားခြင်းမရှိဘဲ သူမရဲ့လည်ပင်းမှာ ပေါ့ပေါ့ပါးပါး ဆွဲထားခဲ့တယ်။
သူမရဲ့အမူအရာက အရမ်းတည်ငြိမ်နေခဲ့တာ။ သူမအတွက် အဲ့ဒါက အရမ်းကို သာမန်ကျလွန်းတဲ့ အရာတစ်ခုဖြစ်တဲ့ လည်ဆွဲကို ၀တ်ဆင်ထားရသလိုမျိုးပင်။
မင်းသမီးတစ်ပါးလို သူမကြိုက်တာမှန်သမျှ လုပ်လို့ရတဲ့ ကုမျန်ကိုတွေးရင်း၊ တွင်းထွက်ရေပုလင်းကို ကိုင်ထားတဲ့ ရွှယ်ကွေ့၀မ်ရဲ့လက်က မသိစိတ်ကနေ အားအနည်းငယ် သုံးလိုက်မိတယ်။
တဖက်လူက အရင်းအမြစ်မချို့တဲ့ဘဲ ဇာတ်ညွှန်းကို ကြိုက်ရာရွေးချယ်နေတဲ့အချိန် သူမကတော့ "10 Girls out 100" မှာ ပါ၀င်ဖို့နေရာ အနိုင်ရဖို့ ရုန်းကန်နေရဆဲဖြစ်တယ်။
ရွှယ်ကွေ့၀မ်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ပွဲဦးထွက်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း ထိတွေ့မှုမလုံလောက်တာကြောင့် ဝဘ်ဒရာမာတစ်ခုထဲမှာသာ သရုပ်ဆောင်ခဲ့ရတယ်။ ဝဘ်ဒရာမာကို ထုတ်လွှင့်ပြီးနောက် ရေပွက်လေးတစ်ခုလို့ ယူဆရတဲ့ ရေပန်းစားမှုအနည်းငယ် ရရှိခဲ့ပေမယ့်လည်း နောက်ဆက်တွဲအလုပ်တွေ ပံ့ပိုးပေးခြင်းမရှိတာကြောင့် မကြာခင်မှာပဲ သူမရဲ့နာမည်ကို လူထုက မေ့လျော့သွားခဲ့တယ်။

KAMU SEDANG MEMBACA
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹
AcakStatus in COO : 253 chapters (complete)