ဒီလောကကြီးမှာအသက်ရှင်ရပ်တည်နိုင်ဖို့သစ်
ကြိုးစားဖို့လိုအပ်သည်
သစ်ရဲ့တစ်နေ့တာအရ မနက်ခင်း3ခွဲလောက်ကို
မထချင်ပေမဲ့လဲ နေ့စဥ်ပုံမှန်ထဖို့လိုအပ်သည်တီ..တီ..တီ..
သစ်ရဲ့မနက်ခင်းအဖော်လေး
နိုးစက်သံလေးကြောင့် သစ်အိပ်ချင်သည့်စိတ်ကိုချိုးနှိမ်ပီး
နာရီလေးကိုကြည့်မိတော့
3နာရီဝါးးးးးးး...
ပန်းရွက်သစ်
နင်ဒီလောကမှာကျင်လည်နိုင်ဖို့
ကြိုးစားထား......ဖိုက်တင်း..ကိုယ့်ကိုကိုယ်အားပေးပီး
သစ်ရဲ့တစ်နေ့တာအလုပ်ကိုလုပ်ဖို့ပြင်ဆင်လိုက်သည်အာ...ဒီနေ့မီတာသွားဆောင်ရမယ်
သစ်မီတာစာရွက်လေးကိုကြည့်မိတော့
မီတာခက5000တဲ့
သစ် ပိုက်ဆံအိပ်လေးထဲအကြည့်ကတန်းရောက်သွားသည်
5000တန်လေးရွက်ရယ်10000တန်လေးတစ်ရွက်ဟူးးးးလဝက်တောင်မရှိသေးဘူး
ပိုက်ဆံကဒီလောက်ပဲရှိတော့တယ်
မီတာခကလဲသွားမဆောင်လို့မရ
ညကျစာကြည့်မရပဲနေမှာ ပိုဆိုးတာကရေ
ရေမရှိတော့ဘူး
ဘာပဲဖြစ်ဖြစ်ကွာ မနက်စာထပ်လျော့လိုက်တော့လောက်မှာပါလေသစ် ပိုက်ဆံမလောက်လို့ညစာမစားပဲနေသည်မှာအတော်ကြာပီ
ခုလကပိုကျပ်တည်းသည်
ကျောင်းဆင်းချိန်သွားရတဲ့အချိန်ပိုင်းအလုပ်ကဒီလ လစာရမှာမဟု
ဆရာမကလဲစာအုပ်ဖိုးတောင်းနေပီ
ခုလကုန်ထိတော့နေ့လည်စာတစ်နပ်နဲ့တင်သစ်ကျေနပ်ရတော့မည်
သစ်အတွေးများစွာဖြင့် ရှိတဲ့ပိုက်ဆံလေးနှင့်အလုပ်အပြေးသွားရသည်သူများတွေရဲ့မနက်ခင်းဟာစိုစိုပြေပြေပါ
မနက်ခင်းအိပ်ရာမထသေးရင် မိခင်ရဲ့ဆော်အောသံလေးနဲ့အတူထကြရတယ်မထချင်လို့အီနေရင်မိခင်ရဲ့အသံချိုလေးနဲ့ထပ်နိုးပေးတယ်ကျောင်းသွားဖို့ထမင်းချိုင့်ပြင်ပေး
မနက်စာစားဖို့ပြင်ပေး
အဖေကကျောင်းလိုက်ပို့နဲ့
ဘယ်လောက်ကြည်နူးစရာကောင်းလိုက်မလဲသစ်မှာတော့
သစ်ရဲ့နိုးစက်သံလေးကြားရင်ထ
မထချင်လဲ ဘယ်သူမှငါ့ကိုထပ်နိုးမှာမဟုဘူးဆိုတဲ့အသိနဲ့
ထရတယ်
စောသေးလို့ပြန်အိပ်ဆိုပီးပြောပေးမဲ့သူလဲမရှိ
သစ်ဟာသစ် ထမင်းချိုင့်ပြင်
အလုပ်သွားလို့လဲလိုက်ပို့မဲ့သူမရှိ
သစ်ဘဝဟာ ကြည်နူးဖို့တည်းနည်းလေးမှမကောင်း
သစ်အလုပ်ကိုသွားတဲ့လမ်းမှာ
ရှေ့ကိုကြည့်နေရင်း ဝါးဝါးလာလို့ သတိထားမိတော့
တွေးရင်း မျက်ရည်များဝဲလာသည်ပဲ
YOU ARE READING
ရွံ့မြေကြားက မေတ္တာပန်း
Actionအုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ်ကြောင်းဝင်မခံလိုက်ရလို့ နောက်ဘဝကျရင်ကလေးမ ကိုအန်တီ အရင်းရောအတိုးပါပေါင်းပီး ကလေးမလေးကိုဘယ်လောက်ချစ်...