အထက်တန်းကျောင်းတစ်ကျောင်းရဲ့ 10တန်းအခန်းအတွင်း၌
ဆရာမရှေ့မှာ မတ်တပ်ရပ်နေတဲ့ကောင်မလေးပန်းရွက်သစ်...နင်တစ်ယောက်ပဲမပေးရသေးတာနော်စာအုပ်ဖို့းကို
ဘယ်တော့ပေးမှာလဲပြောသစ်မှာပေးစရာမရှိဘူး
ဆရာမအဲ့ဆိုဘာလို့ ကျောင်းလာတတ်နေသေးလဲ ဟမ်
စာအုပ်ဝယ်မှတော့ စာအုပ်ဖိုးတော့ပေးရမှာပေါ့
စာတော်တာတစ်ခုထဲနဲ့လဲအလုပ်မဖြစ်ဘူးဟဲ့
သိရဲ့လားဟုကဲ့
ပြောလိုက်ရင်တော့ ဟုကဲ့ ဟုကဲ့နဲ့
သွား နေရာမှာပြန်ထိုင်တော့ဟုကဲ့
သစ် ဆရာမရှေ့ကနေ ထိုင်ခုံရှိရာဆီ
လာခဲ့တယ်
သစ်ဟာ မိဘမဲ့ပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားနေရတဲ့ကျောင်းသူတစ်ယောက်
ဘယ်လိုကံကြမ္မာမျိုးနဲ့များသစ်ကိုမွေးဖွားခဲ့သလဲမသိဆရာမစာသင်တာကိုသစ်အာရုံမစိုက်နိုင်
ဒီလိုနဲ့ တချိန်ပီးတစ်ချိန်ကုန်ဆုံးသွားလို့ ကျောင်းဆင်းခါနီးရောက်တော့ သစ်အချိန်ကိုသာတကြည့်ကြည့်ဖြင့်သာ
ကျောင်းဆင်းရင် အချိန်ပိုင်းအလုပ်ကိုအပြေးသွားရတာမို့ပါတောင်...တောင်..
ကျောင်းဆင်းတော့ သစ်အလုပ်ကိုအပြေးသွားရသည်
နောက်ကျပြန်ပီလား ပန်းရွက်သစ်
အမြဲနောက်ကျတယ်
အချိန်ကိုမလေးစားဘူး
နင့်ကိုယ်နင်ဘာထင်နေလဲ
ဒီအလုပ်မှာနင်မရှိလဲဖြစ်တယ်....
အေး နောက်နေ့ဒီလိုပဲဆို ငါ့အလုပ်ကထွက်တော့ဟုကဲ့ နောက်တခါ
နောက်မကျစေရပါဘူးအေး...ပြောလိုက်ရင်နောက်မကျစေရဘူးနဲ့
နောက်ပီး နောက်ကျတာပဲ
ညကျနင်နောက်ကျမှပြန်ရမယ်မှတ်
သွား သွားလုပ်ချည်တော့ဟုကဲ့
သစ်မှာ ဟုကဲ့ကလွဲပီးဘာစကားမှမပြောနိုင်ပါ
အမြဲအပြောခံနေရတာဆိုတော့လဲရိုးနေပီပေါ့
ဟူးးးးးဒီနေ့လဲ နောက်ကျမှပြန်ရတော့မယ်သစ်စိတ်ထဲကနေပြောပီး
အလုပ်လုပ်ရတော့သည်သစ်ဟာ စားသောက်ဆိုင်တခုရဲ့ အချိန်ပိုင်းစားပွဲထိုး
ဝင်လုပ်သည်
ည10နာရီမှပြန်ရသည်
သစ်ကနောက်ကျတာမို့ ဆိုင်းသိမ်းရင်ပါကူသိမ်းပေးရတတ်သည်
အဲ့တော့ 10နာရီ 11လောက်မှပဲပြန်ရတတ်သည်
YOU ARE READING
ရွံ့မြေကြားက မေတ္တာပန်း
Actionအုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ်ကြောင်းဝင်မခံလိုက်ရလို့ နောက်ဘဝကျရင်ကလေးမ ကိုအန်တီ အရင်းရောအတိုးပါပေါင်းပီး ကလေးမလေးကိုဘယ်လောက်ချစ်...