သစ်တို့အကုန်စားပီးတော့ အန်တီကသိမ်းမယ်လုပ်တော့
သစ်မှာတားရပြန်သည်အန်တီ...သစ်သိမ်းလိုက်တော့မယ်...အန်တီပြင်ပေးပီးပီပဲ...
ရတယ်ကလေးမ....မင်းသာသွားနားတော့..လက်ကဒဏ်ရာရထားတယ်မလား...
အာ..လက်ကသက်သာနေပါပီ နာတောင်မနာတော့ဘူးရယ်...
အရှင်းမှမပြောက်သေးပဲကွယ်......
သွားစမ်းပါ...မသွားဘူး...သစ်ရောကူလုပ်ပေးမှာ....
အန်တီ့အပြောကိုသစ်မစောင့်တော့ပဲ
ပန်ကန်တွေဆေးရမည့် ဘေစင်အနားသို့သွားပီး
ပန်ကန်ဆေးဖို့ပြင်တော့
အန်တီက သစ်အနားလာပီး
သစ်လက်ထဲကဆေးဖို့ကိုင်ထားသည့်ပန်ကန်ကိုဆွဲယူတော့
သစ်မှာပြန်လုရသည်ပေးဆို..တို့ စကားကိုနားမထောင်ဘူးလား ဟမ်...
မရဘူး...သစ်လုပ်ပေးမှာပဲ..အန်တီစကားကိုသစ်တားထောင်ချင်ပေမဲ့ ဒါကြီးကမဟုသေးဘူးလေ...အန်တီရယ်..
အန်တီ့ အိမ်လဲနေရသေးတယ် ...အန်တီပဲအကုန်လုပ်ပေးနေတယ်ဆိုတာကမဖြစ်သက့်ဘူးမလား....မင်း တော်တော်ရှည်တဲ့ကောင်မလေးပဲ....
တို့ ဟာတို့ ဘာပဲလုပ်လုပ်ပေါ့...သစ်နဲ့အန်တီ ပန်ကန်ဆေးဖို့လုနေရာမှ ကြားကပန်ကန်လေးမှာ ကျကွဲသွားရတော့သည်
ခွမ်း........
အာ....
ကြည့်...ကွဲသွားပီ မင်းဟာလေ...တို့ စကားဆိုဘယ်တော့မှနားမထောင်ချင်ဘူး....
ဖယ် ....မကိုင်နဲ့ တော်ကြာလက်ထိကုန်မယ်...
ဖယ်ဆိုနေ....သစ်မှာအန်တီ့ကိုကြည်နူးမှုအပြည့်နှင့်မှင်သက်စွာကြည့်နေမိသည်
ဘာကြောင့် ဆို သစ်ကိုဆူတော့မယ်ထင်တာ
ပန်ကန်ကွဲသွားလို့ သစ် ကို အပစ်တင်မယ်ထင်ထားတာ
ထမင်းဆိုင်တုန်းက သစ်ပန်ကန်ကျကွဲသွားတော့
သစ်ကိုရစရာမရှိအောင်ပြောသည် လစာလဲဖြတ်ခံရသည်
ပန်ကန်လေးတစ်ချက်တွက်သစ်မှာအများကြီးဆုံးရူံးရတယ်
ခု အန်တီကကျ အဲ့လိုမဟု သစ်မှာဆူမယ်ထင်ခဲ့ပေမဲ့
မဆူတဲ့အပြင်အန်တီက သစ်လက်ထိမှာဆိုးလို့ ဘေူဖယ်ခိုင်းနေသည်တဲ့လေ
သစ်သေပျော်ပါပီ
သစ်အတွက်စိတ်ပူပေးတဲ့အန်တီ့ကြောင့်သစ်တကယ်သေပျော်ပါပီ
YOU ARE READING
ရွံ့မြေကြားက မေတ္တာပန်း
Actionအုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ်ကြောင်းဝင်မခံလိုက်ရလို့ နောက်ဘဝကျရင်ကလေးမ ကိုအန်တီ အရင်းရောအတိုးပါပေါင်းပီး ကလေးမလေးကိုဘယ်လောက်ချစ်...