သစ်ပြန်လာတော့ မမသဲစုအပါဝင် အကုန်လုံးကပျော်နေတဲ့ပုံ
ဘာကြောင့်မှန်းသစ်မသိတာမို့မမသဲစု....
သစ် ..ပြန်လာပီလား..
ဟုကဲ့ ..မမသဲစု..
ဒါနဲ့လေ အကုန်လုံးကပျော်နေသလိုပဲ
ဘာဖြစ်ကြတာလဲ သစ်လဲပြောပြကြပါဦး
သစ်လဲပျော်ချင်တယ်လေလို့...ဒီမှာပွဲကြမ်းသွားတယ်သစ်ရဲ့..
ဟုလား..ဘယ်သူလဲမမသဲစုရဲ့..
ဒါနဲ့ဂျာကြီးရော သစ်အပြင်ထွက်တာသိသွားပီလားဟင်
မြန်မြန်ပြန်လာပေမဲ့ စောင့်နေရတာမို့ကြာသွားတာဟင်းဟင်း..သစ်စိတ်ပူစရာမလိုတော့ပါဘူး..
ဟမ်..သစ်ကိုအလုပ်ထုတ်လိုက်တာလားဟင်..
သစ်အလုပ်ကထွက်ရရင် သစ်ကျောင်းဘယ်လိုဆက်တတ်ရပါတော့မလဲသစ်ရုပ်လေးက မျက်နှာငယ်လေးနဲ့ မျက်ရည်လေးပါဝဲနေပီမို့
မဟုပါဘူးသစ်ရယ် ....ဒီလိုသစ်ရဲ့..
သစ်ထွက်သွားပီးမကြာဘူး .. .......................မမသဲစုပြန်ပြောပြနေသမျှကို သစ်ပါးစပ်အဟောင်းသားလေးဖြင့်သာနားထောင်နေမိတယ်
ပိုင်ရှင်က
ဂျာကြီးကိုပါးရိုက်ပီး အလုပ်ထုတ်လိုက်တာကိုအသေးစိတ်ရှင်းပြနေတဲ့မမသဲစုကြောင့် သစ်အပျော်ကြီးပျော်ရသည်
သစ်အထင်မှားသွားမိတာပဲ ပိုင်ရှင်ကပါအလိုတူအလိုပါထင်မိခဲ့တာ
နောက်ပီးပိုင်ရှင်ကသစ်ကိုအလုပ်မထုတ်တဲ့အပြင်
လစာပါမဖြတ်တာမို့ သစ်ပျော်သည်
သစ်ဘယ်လိုကနေဘယ်လို ပိုင်ရှင်အကြောင်းတွေးရင်း
သစ်မသွားခင်ကအမျိုးသမီးပုံရိပ်ကိုမြင်ယောင်လာမိသည်
ဟာ..ဘာပါ့လိမ့်ဒီအမျိုးသမီးက
ထုတ်စမ်းသစ် မလိုအပ်တဲ့အရာတွေခေါင်းထဲမထည့်စမ်းနဲ့
သစ်ကိုယ့်ဟာကိုယ်ပြောမိသည်ဒါဆိုမမသဲစုက ဂျာကြီးဖြစ်သွားပီပေါ့နော်..
ဟုပတော်..ဟုပ..
ဝေးးးးးး
အကျင့်ယုတ်တဲ့ဂျာကြီးလဲမရှိတော့ဘူး
စိတ်ထားကောင်းတဲ့မမသဲစုကဂျာကြီးဖြစ်သွားပီဆိုတော့..
ပျော်စရာကြီး...သစ်ပြုံးပြုံးကြီးပြောလာသည့်စကားကြောင့်
မလေး..ပန်းရွက်သစ်ရယ်
မမြှောက်ပါနဲ့..အလိုလိုနေရင်းမှမြောက်ချင်နေပါတယ်ဆို..
YOU ARE READING
ရွံ့မြေကြားက မေတ္တာပန်း
Hành độngအုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ်ကြောင်းဝင်မခံလိုက်ရလို့ နောက်ဘဝကျရင်ကလေးမ ကိုအန်တီ အရင်းရောအတိုးပါပေါင်းပီး ကလေးမလေးကိုဘယ်လောက်ချစ်...