သစ်မှာဆန်ပြုတ်လုပ်နေရင်း အန်တီ့တူဆို
တဲ့သူကိုသတိရသွားပီး ဘာစားမလဲ
သွားမေးဖို့ သူ့အခန်းဆီသွားမိသည်
သူ့အခန်းက သစ်နဲ့အန်တီ့အခန်းကိုကျော်ကာ ထိပ်ဆုံးမှာရှိနေသည်မို့
သစ်အခန်းဆီသွားပီး တံခါးခေါက်ဖို့ပြင်တော့
အထဲကဘာသံတွေမှန်းမသိ
ဖုန်းပြောနေသည်ကိုတော့ကြားသည်
သစ်သေချာကြားလိုက်ရတာက
အဲ့ အစီစဥ်အတိုင်းသွားတာပေါ့ တဲ့
ဘာပါ့လိမ့် ဒါမဲ့ သစ်နဲ့မှမဆိုင်ပဲ
သစ်လဲ တံခါးခေါက်ဖို့ပြင်တုန်း
အခန်းတံခါးဖွင့်လာသည်မို့ လန့့်သွားရသည်ည်မလေးးး...နှာဘူးအကိုရယ် သတိထားပါဦး..
လန့်သွားတာပဲ....ဘာပြောတယ် နှာဘူးအကိုတဲ့လား....
အယ် မဟုဘူး ပါးစပ်ကထွက်သွားတာ
ယောင်လို့ ယောင်လို့....သစ်မှာ နူတ်ခမ်းကိုလက်လေးဖြင့်အုပ်ကာ
ပြန်ဖြေမိသည်ထားပါ ..ဘာလာလုပ်တာလဲ..
အယ် ဘာဖြစ်နေတာလဲမသိ
ပုံစံကြည့်ရတာတမျိုးပဲ....
မနေ့ကနဲ့မတူသလို အာ..ဘာတွေတွေးနေတာလဲသစ်ရယ်
မနေ့က စကားတောင်ကောင်းကောင်းမပြောရတာကိုမနက်စာဘာစားမလဲ လာမေးတာပါ....
မစားားတော့ဘူး..ကိုယ်အပြင်သွားစရာရှိသေးလို့ မစားားတော့ဘူးလို့တီလေးကိုပြောပေးနော်...
ဟုကဲ့ပါ.....
ပြောပီး တံခါးပြန်ပိတ်သွားတဲ့ နှာဘူးအကို
တကယ်ပဲ မနေ့က အန်တီ့ကိုပြောထားတဲ့ သဘောကျတယ်ဆိုတဲ့စကားကိုတောင်ပြန်ရုပ်သိမ်းချင်မိသည်သစ်လဲ မမေးနေတော့ပဲ အန်တီ့အတွက်သာပြင်ဖို့
ပြန်ဆင်းလာခဲ့ရသည်ည်စွတ်ပြုတ်ရပီဆိုတာနဲ့ အန်တီ့အတွက်ဆေးပါတခါထဲယူလာခဲ့လိုက်သည်
သစ်အခန်းထဲဝင်လာတော့အန်တီဟာ မျက်ခုံးများတွန့်ချိုးပီး မျက်ဝန်းမှာလဲမှိတ်ထားကာ မှီနေသည်မို့အန်တီ...မသက်သာဘူးလား...
ဆရာဝန်ခေါ်လိုက်မယ်လေ.....အာ...ကလေးမ...မလိုပါဘူး..
သက်သာပါတယ် နည်းနည်းခေါင်းကိုက်နေသေးလို့ပါ...
YOU ARE READING
ရွံ့မြေကြားက မေတ္တာပန်း
Azioneအုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ်ကြောင်းဝင်မခံလိုက်ရလို့ နောက်ဘဝကျရင်ကလေးမ ကိုအန်တီ အရင်းရောအတိုးပါပေါင်းပီး ကလေးမလေးကိုဘယ်လောက်ချစ်...