(Uni)
"အင့်..."
တိတ်ဆိတ်နေသော အခန်းငယ်အတွင်း အခန်းထောင့်မှ ထွက်ပေါ်လာသော ငိုရှိုက်သံ သေးသေးလေး ။ အသံပိုင်ရှင်လေးက အသံနဲ့လိုက်ဖတ်အောင်ကို ဖြူဖြူအုအုနှင့် ချစ်စဖွယ်လေးဖြစ်သည်။ ငိုထားသည်မှာ ပါးမို့မို့ လေးနှစ်ဖက်နှင့် နှာခေါင်းထိပ်လေးမှာ ရဲတွတ်လို့နေသည်။ အချိန်ကြာကြာ ငိုထားရသည်ကြောင့် မျက်လုံးလေးစင်းကာနေသည်။
ထိုစဥ် အခန်းထဲသို့ လူတစ်ဦး ဝင်လာကာ ထိုလူသည် အသံပိစိပိုင်ရှင်လေးနားထံ တိုးကပ်သွားကာ ထိုအသံပိစိပိုင်ရှင်လေး ရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။
"ဘာလို့ အရမ်းငိုနေရတာလဲကွာ! "
မာဆတ်ဆတ်ထွက်လာသည့် သူ၏အသံကြောင့် အသံပိစိပိုင်ရှင်လေးမှာ နောက်သို့ကျို့သွားကာ အသံတိတ်ရှိုက်ကာ မျက်ရည်လေးများကျလာသည်။
"တိတ်တော့ဆိုကွာ...မျက်လုံးကိုအရမ်းမပွတ်နဲ့လေ! "
မျက်လုံးသို့ ခပ်ကြမ်းကြမ်း ပွတ်နေသည့် လက်ကလေးများကို ထိုသူ၏ လက်ဝါကြီးတစ်ဖက်ဖြင့် ဆွဲချုပ်ကာ ပါးနုနုပေါ်က မျက်ရည်များကို အသာအယာသုတ်ပေးသည်။ တစ်ချက်တစ်ချက်ရှိုက်နေသော ကိုယ်ငယ်လေးကို ကြည့်ကာ သက်ပြင်းချမိရင်း နံရံထောင့်ကပ်ကာ ငိုနေသည့် သူလေးကို ဒူးအောက်လက်လျှိုကာ အသာအယာပွေ့ချီလိုက်သည်။
ရုတ်တရက်လေပေါ်မြောက်သွားသည်ကြောင့် လန့်သွားကာ ပြုတ်ကျမှာဆိုး၍ ထိုလူ၏ လည်တိုင်ကို တင်းတင်းကြပ်ကြပ်ဖတ်ထားမိလိုက်၏။
လည်တိုင်သို့ တင်းတင်းကြပ်ကြပ်ဖတ်လာသည့် ကောင်လေးကို စိုက်ကြည့်ကာ ကုတင်ပေါ်သို့ အသာအယာတင်ပေးလိုက်တော့ ထိုကောင်လေးက ကြောက်လန့်ကာ ကုတင် ေခါင်းရင်းနားသို့ တိုးကပ်သွားသည်။ ထိုကောင်လေးကို စချင်တာကြောင့် အနားသို့ တိုးကပ်သွားကာ အုပ်မိုးထားလေတော့ အရည်လဲ့နေသည့် မျက်လုံးဝိုင်းတွေဖြင့် မော့ကြည့်တာနှင့် ဆုံသည်။
နုထွေးထွေးနှုတ်ခမ်းအလွှာသို့ အကြည့်ရောက်မိလေတော့ စိတ်မထိန်းနိုင်စွာ ထိကပ်မိသည်။ အိစက်နေသည့် အထိအတွေ့ကြောင့် ထိတွေ့ရုံနှင့် အားမရကာ နှုတ်ခမ်းလွှာတို့အား စုပ်ယူနမ်းရှိုက်မိသည်။
YOU ARE READING
Naravit 's (Complete)
Randomidol image ထိခိုက်စေလိုစိတ်မရှိပါ ဖတ်ချင်သည့်ပုံစံရေးသားထားခြင်းသာ။