Uni
ရေချိုးခန်းရှိ မှန်ထဲမှ မြင်နေရသည့် မိမိပုံရိပ်ကို ကြည့်ရင်း ရှုိက်ငိုမိသည်။ လည်တိုင် တစ်လျှောက်မှာ ပွထနေသည့် အညိုကွက်များနှင့် နှုတ်ခမ်း တစ်လျှောက်က ဖူးယောင်ကာ အောက်နှုတ်ခမ်းက ပေါက်ပြဲနေသည်။
ယောက်ျားတစ်ယောက်ဆီက ရုန်းမထွက်နိုင်သည့် ကိုယ့်ကိုယ်ကိုယ် မုန်းမိသည်။ အားပျော့သည့် ကိုယ့်ကိုယ်ကိုယ်သဘောမကျတော့ပါ။
ငယ်ငယ်တည်းက ရွှေဇွန်းကိုက်ကာ မွေးလာသည်မို့ မိဘများက ဖူးဖူးမှုတ်ထားသည်ကြောင့် အခု အသက်၂၀ အရွယ်ရောက်သည်တောင်မှ မရင့်ကျက်သေးပေ။ မိဘရင်ခွင်၌ ချွဲနွဲ့ဆိုးကာ ပိုးမွေးသလိုမွေးထားသည့် တစ်ဦးတည်းသောသားလေးမို့ အခုထိ ကလေးလို ချွဲနွဲ့တုံးပင်။
ရေပန်းအောက်၌ ရပ်ကာ သူထိထားသည့်နေရာများကို အထပ်ထပ်အခါခါဆေးကျောမိသည်။ တစ်ခါမှမတွေ့ဘူးသည့် ယောက်ျားတစ်ယောက်ထံမှ အနိုင်ကျင့်ခံရသည်။ ဒီလူ့ဆီ က phuwin ဖမ်းခေါ်ခံထားရသည်။ ကျောင်းဆင်းချိန် အိမ်မှ လာသည့်ကားစောင့်နေသည့်အချိန် phuwin ရှေ့ကားတစ်စီး ရပ်လာပြီး ထိုလူဆွဲ ခေါ်တင်သွားတာမှတ်မိသည်။ အခုအချိန်လောက်ဆို မာမားတို့ phuwin ပျောက်နေ၍ လိုက်ရှာနေတော့မှာပင်။
"မာမား မြန်မြန်လာခေါ်ပါ...ဒီမှာမနေချင်တော့ဘူး "
နှုတ်မှ မာမားကို တရင်း ရေပန်းအောက်၌ ငိုကြွေးမိသည်။
~~~~~~~~~~~~~~~~~
သူဝတ်ဖို့ပေးထားသည့် သူ့ရှုပ်အကျီသည် phuwin ၏ ပေါင်လယ်သို့ရောက်နေလေသည်။ တွဲဝတ်ဖို့ အတွင်းခံတစ်ထည်ပဲတွေ့သည် ဘောင်းဘီပေးထားတာမတွေ့တာကြောင့် အပြင်ဘယ်လိုထွက်ရမလဲစဥ်းစားနေတုံး...
"ဟေး အထဲမှာ ကြာနေပြီ...မပြီးသေးဘူးလား"
အပြင်က တံခါးခေါက်ကာ အော်နေသည်မလို့နေသည်မလို့ ပေးထည့်သည့် အတွင်းခံကိုပဲ အမြန်ကောက်ဝတ်လိုက်ရသည်။
"ထွက်မလာရင် ကိုယ်ဝင်လာတော့မှာနော် "
အခန်းပြင်မှ အဆက်မပြတ်အော်နေသည်ကြောင့် ဝင်လာမှာစိုးသဖြင့် ဒီပုံစံအတိုင်းသာ အမြန်ထွက်လိုက်ရသည်။ အပြင်ကို ရောက်တော့ အခန့်ရှေ့က သူက phuwin ကိုခေါင်းအစခြေအဆုံးသေချာ စိုက်ကြည့်နေသည်ကြောင့် နေရခက်စွာ ခြေတံသွယ်သွယ် နှစ်ဖက်ကို လိမ်ယှက်နေမိသည်။
YOU ARE READING
Naravit 's (Complete)
Randomidol image ထိခိုက်စေလိုစိတ်မရှိပါ ဖတ်ချင်သည့်ပုံစံရေးသားထားခြင်းသာ။