"မဟုတ်ဘူး...ကိုယ်ရှင်းပြမယ် "
"မလာနဲ့လို့ ပြောနေတယ်လေ! "
pond ကို နာနာကျဥ်းကျဥ်းကြည့်ကာ မျက်ရည်များအဆက်မပြတ်ကျနေသည့် သူ့နားသွားဖို့လုပ်တော့ သူ့အနားကို မရောက်ခင်မှာပင် ကုတင်ဘေးက စားပွဲပေါ်တွင်ရှိသော ဖန်ခွက်နှင့် pond ကို ကောက်ပေါက်သည်။
"အ့... "
ဖန်ခွက်က pond ရဲ့ နှဖူးစောင်းကို ထိမှန်ကာ သွေးများထွက်လာသည်။ ထိခိုက်သွားသည့် ဒဏ်ရာကို ဂရုမစိုက်နိုင်သေးပေ။ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်ကာ မျက်နှာကို ဝှက်ကာ ငိုနေသူထံ အပြေးသွားကာ တစ်သိမ့်သိမ့်တုန်နေသည့် ကိုယ်လုံးငယ်လေးကို ခပ်တင်းတင်းပွေ့ဖတ်လိုက်တော့ ရင်ခွင်ထဲကရောက်နေသူက ရိုက်ပုတ်ကာ တွန်းကန်လာသည်။
"မထိနဲ့! ကျွန်တော့်ကိုမထိနဲ့..."
ရှုိက်ငိုကာ အဝတ်မပါသည့် pond ရင်ဘတ်ကို အဆတ်မပြတ်ထုရိုက်သည်။
"ဘာလုပ်လိုက်တာလဲ...ကျွန်တော့်အမေကို ဟမ်..အမေအခုဘယ်မှာလဲ...ဘယ်မှာလဲလို့ "
ထုရိုက်တာကို ရပ်ကာ pond ရင်ဘတ်တွင်မျက်နှာအပ်ကာငိုသည်။ ငိုနေသူအား ကျောပြင်ကိုအသာ ပွတ်ကာ နှစ်သိမ့်ပေးမိသည်။
"ကိုယ်အားလုံး ရှင်းပြပါ့မယ်။ စိတ်ကိုလျှော့ပြီး ကိုယ်ပြောတာကို နားထောင်ပေးပါ။"
ကြမ်းပြင်ပေါ်တွင် ထိုင်နေသူအား ထူကာ ကုတင်ပေါ်သို့ ထိုင်စေသည်။ အခုထိစီးကျနေဆဲဖြစ်သည့် မျက်ရည်စီးကြောင်းတို့ကို သုတ်ပေးကာ မျက်နှာနုနုကို လက်ဖြင့်ပင့်ယူကာ pond မျက်ဝန်းတို့နှင့် ဆုံစေသည်။
"မင်းဒီကိုမရောက်ခင်မှာ...မင်းအမေမှာ ကင်ဆာရောဂါရှိနေခဲ့တယ်.."
"ဟင်..."
မျက်ရည်တို့အဆတ်မပျတ်စီးကျနေသည့် မျက်ဝန်းတို့ဖြင့် အံ့သြကာ ကြည့်လာသည်။
"မင်း အဖေ မရှိတဲ့နောက်ပိုင်း မင်းအမေဦးဆောင်နေတဲ့ မင်းတို့လုပ်ငန်းက တိုက်ခိုက်ခံရခဲ့တယ်။ မင်းအမေကအကြွေးတွေအများကြီးတင်နေခဲ့တယ်။ မင်းတို့လုပ်ငန်းကို ဖျက်ဆီးချင်နေတဲ့သူက အကွက်ချပြီးစီစဥ်ခဲ့တာ။ "
YOU ARE READING
Naravit 's (Complete)
Randomidol image ထိခိုက်စေလိုစိတ်မရှိပါ ဖတ်ချင်သည့်ပုံစံရေးသားထားခြင်းသာ။