လုပ်စရာရှိသည့် အလုပ်တွေလက်စသတ်အပြီး မတွေ့ရမနေနိုင်ဖြစ်ရသည့် ကိုယ့်ရဲ့ရေသောက်မြစ်လေးကို လိုက်ရှာတော့ ဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်ကာ Tv ကြည့်နေသည့် Pajama ဖဲသားအနီရောင်လေးနှင့် နီတာရဲလေးကို တွေ့ရသည်။
Tv တွင်ဖွင့်ထားသည့် series ကိုအတော်စိတ်ဝင်စားနေပုံရသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်စိတ်ဝင်တစားကြည့်နေသည်။ လက်ချောင်းသွယ်သွယ်လေးတွေကလဲ ပေါင်ပေါ်တင်ထားသည့် အာလူးကြော်ထုတ်ကိုလဲ နှုိက်စားဖို့မမေ့ပေ။
ဟိုတစ်ခါ ကိစ်စ ဖြစ်ပြီးကတည်း phuwin က pind အပေါ်ပိုပြီးရင်းနှီးလာသည်။ အရင်ကထက်လဲ စကားတွေအများကြီး ပြောလာသည်။ အရင်လို pond ကို ကြောက်သည့်ပုံစံမျိုးလည်းသိပ်မတွေ့ရပါ။ တစ်ခါ " ဆိုစိတ်ပါကောက်တတ်သေးသည်။pond, phuwin အခုလိုလေး သူ့အေပါ်ပြောင်းလဲလာတာကို ပိုသဘောကျမိသည်။
"ဘာတွေ အဲ့ဒီ့လောက်စိတ်ဝင်စားနေတာလဲ...ရွှတ် "
Tv ကိုအာရုံစိုက်ကြည့်နေသူအား အနောက်မှသိုင်းဖတ်ပြီး ပါးဖောင်းဖောင်းလေးကို မွှေးကြူရင်း မေးလိုက်သည်။
pond မေးတာကို အရေးမစိုက်စွာ Tv ကိုသာအာရုံစိုက်ကြည့်နေတာပြန်သည်။
"ကိုယ်မေးနေတယ်လေကွာ...ကိုယ့်ကိုအဖတ်လုပ်အုံး "
သူ့ဘေးတွင်ဝင်ထိုင်ကာ မေးကာမှ pond ကိုပြန်မကြည့်ဘဲဖြေလာသည်။
"Wang Yibo ရဲ့ series ကြည့်နေတာ ။ "
ဖြေပြီး pond ကိုအဖတ်ပင်မလုပ်ပါ။ Tv ကိုသာအာရုံစိုက်နေသည်မလို့ စိတ်ကဘဝင်မကျတော့ပေ။ ရှေ့ကစားပွဲပေါ်တွင်တင်ထားသည့် ရီမုဒ်ကိုယူကာ Tv ကိုပိတ်ပြစ်လိုက်သည်။
"ဘာလုပ်တာလဲ! "
Tv ပိတ်ကာမှ pond ဘက်ကိုလှည့်ကာ ရန်စွာတော့သည်။
"ဘာလုပ်တာလဲလို့...ဒီမှာကြည့်နေတာမမြင်ဘူးလား "
"မင်းက ကိုယ်ပြောနေတာကိုမှ အဖတ်မလုပ်တာ "
"ပြန်ပြောတာပဲလေ..အခုပြန်ဖွင့်ပေး "
pond ကိုမျက်စောင်းဖြင့်ကြည့်ကာပြန်ဖွင့်ပေးဖို့ပြောသည်။
YOU ARE READING
Naravit 's (Complete)
Randomidol image ထိခိုက်စေလိုစိတ်မရှိပါ ဖတ်ချင်သည့်ပုံစံရေးသားထားခြင်းသာ။