သားရေ တစ်ရွှဲရွှဲနဲ့ ခွေးနက်ကြီးက မာန်ဖီကာ phuwin ပေါ်အုံ့မိုးလာရင်း လည်ပင်းကို ကိုက်ခဲရန်ပြင်တော့ phuwin မျက်လုံးတို့ကို မှိတ်ချပြစ်လိုက် ထိုစဥ် ထိုနေရာမှ အသံတစ်ခုဟိန်းထွက်လာသည်။
"ရပ်လိုက်စမ်း !! "
ထိုအော်သံကြောင့် phuwin ပေါ်တွင်မာန်ဖီပြီး ကိုက်ခဲရန်ပြင်နေသည့် ခွေးနက်ကြီးမှာ phuwin ပေါ်ကဖယ်ခွာသွားကာ တအီအီဖြင့် နောက်ဆုတ်သွားသည်။ နောက်တစ်ကောင်လည်း ထိုနည်းတူစွာပင်။
အသံလာရာကို ကြည့်မိလေတော့ ဒေါသထွက်ကာ ရဲရဲတောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ထိုလူကြီးကိုတွေ့လိုက်ရသည်။ phuwin နဂိုကလန့်နေသည့် အရှိန်ရော ဒေါသထွက်နေသည့် သူကြောင့်ရော ေကြာက်လန့်ကာ အသံပင်မထွက်ရဲပါ။
သူက phuwin နားကို တိုးကပ်လာပြီး ကြောက်လန့်ကာတုန်နေသည့်သူ့ကို ပွေ့ချီလိုက်သည်။ phuwin ထိုလူ့မျက်နှာကို မော့ကြည့်မိတော့ ထိုသူက phuwin ကိုပြန်မကြည့်ပါ ။ အသက်ရှုသံတို့မြန်နေကာ ထိုသူကဒေါသထွက်နေပုံရသည်။ phuwin သူ့အကျီစကို အသာစုပ်ချေကာ သူ့ခေါ်သည့်အတိုင်းလိုက်ရသည်။
အိပ်ခန်းထဲအထိခေါ်လာကာ ကုတင်ပေါ်အသာချပေးသည်။ ေသွးထွက်နေသည့် phuwin ခြေထောက်ကို စိုက်ကြည့်သည်။ ပြီးမှ အခန်းထဲတွင်ရှိသည့် ဆေးသေတ္တာ ကို ယူကာ ကုတင်ပေါ်ဘေးတစ်ခြမ်းစောင်း ထိုင်ချသည်။
phuwin ခြေထောက်ကို အသာဆွဲယူကာ သွေးထွက်နေသည့် ဒဏ်ရာကို အရက်ပြန်နှင့်အရင်သန့်စင်ပေးသည်။ စပ်လွန်းသည်ကြောင့် မျက်ရည်ပါဝဲလာသည်။ ဒေါသထွက်နေသေးဟန်ရှိသည့် ထိုလူကြောင့် နာလွန်းတာတောင် အသံမထွက်ရဲသည်ကြောင့် နှုတ်ခမ်းကိုနာသာ နာနာဖိကိုက်ထားမိသည်။
pond က ဒဏ်ရာကိုဆေးသေချာထည့်ပေးကာ ပတ်တီးစည်းပေးသည်။ သို့ပေမယ့် ဘာစကားမှမပြောပေ။ ဆေးထည့်ပြီး ဆေးသေတ္တာ ကိုသိမ်းကာ အခန်းထဲမှထွက်သွားသည်။
pond ဆေးထည့်ပေးနေသည့်အချိန် နာနေသည့်ကြားကလိုက်ကြည့်နေသည့် မျက်ဝန်းနက်နက်ကလေးကို သတိထားမိပါသည်။ ကိုယ်သာအချိန်မှီမရောက်ခဲ့ရင်ဆိုသည့် အတွေးနှင့် ဒေါသတို့ထွက်လာရသည်။ ခွေးနက်ကြီးနှစ်ကောင် သူ့ကို ကိုက်ခဲတော့မည့်ပုံရိပ်က ပြန်မြင်ယောင်မိတိုင်း ဒေါသထွက်လာရသည်။ ကိုယ်အချိန်မီရောက်၍သာ တော်သေးသည်။ ဒေါသလဲဖြစ်မိသည်ကြောင့် လောလော သူတစ်ခုခု ဖြစ်သွားရင် ရူးမှာက ကိုယ်ပင်။
YOU ARE READING
Naravit 's (Complete)
Randomidol image ထိခိုက်စေလိုစိတ်မရှိပါ ဖတ်ချင်သည့်ပုံစံရေးသားထားခြင်းသာ။