Prologue

382 9 3
                                    

Unicode Version

"အာ့!"

"ပေးပေး ကင်မ်မင်ယောင်းကလေ...လျှာကိုရှည်တယ်
ငါလုပ်ပေးမှာပေါ့"

မင်ယောင်းလည်းညဘက်TVကြည့်ရင်း ပန်းသီး
စားချင်လာတာကြောင့် မီးဖိုချောင်ထဲမှာ ပန်းသီးလေးတွေကို
ရေစင်အောင်ဆေးကာ အခွံခွာပြီး အစိပ်ကလေးတွေ
လှီးဖို့ပြင်ဆင်တော့သည်။သူမ၏ ဓားကိုင်မကျွမ်းကျင်မှုကြောင့်
အခုတော့လက်ထိခိုက်မိသွားရသည်။
ဓားကလည်းအသစ်ဆိုတော့အရမ်းထက်တာလည်းပါတာပေါ့။
ဒါကိုမီးဖိုချောင်ထဲဝင်လာတဲ့အစ်ကိုဖြစ်သူကမြင်တော့
ဆူပါလေရော...သူမမှာ အသားလည်းနာ နားလည်းပူနဲ့ ...

"သွား...ဆေးထည့်ပြီး သွားထိုင်နေ...ငါယူခဲ့မယ်"

"ဟုတ်"

ထယ်ယောင်းလည်း လက်သေချာဆေးပြီး
ပန်းသီးလေးတွေကိုသေချာစိပ်ကာ အိမ်ရှေ့ခန်းဆီ
ယူလာခဲ့သည်။သူ့အကြိုက်စတော်ဘယ်ရီသီးလေးတွေကိုပါ
ရေသေချာဆေးကာ ပန်းကန်ထဲထည့်ယူလာခဲ့ဖို့ကိုလည်းမမေ့ပါ။
အိမ်ရှေ့ခန်းမှာတော့ ဒေါ်လေးနဲ့မင်ယောင်းက
TVကိုစိတ်ဝင်တစားကြည့်နေကြသည်။

"အသီးလေးတွေ သုံးဆောင်ပါဦး"

"အစ်ကိုထယ်ယောင်းက အကောင်းဆုံးပဲ"

မင်ယောင်းက လေးထောင့်ဆန်ဆန်အပြုံးလေးပြုံးရင်း
လက်မလေးတထောင်ထောင်နဲ့ အစ်ကိုဖြစ်သူကို
ချီးကျူးနေလေရဲ့...
ထိုပုံစံကြောင့်ထယ်ယောင်းလည်း ပြုံးမိသွားသည်။

"စားစရာရှိတာစား...ငါ့ကိုမြှောက်မနေနဲ့"

ထယ်ယောင်းလည်းTVကိုသာ အာရုံပို့ထားလိုက်သည်။
ခဏနေတော့ဇာတ်လမ်းကပြီးသွားပြီ။

"ဟွန်း...သတင်းကြီးလာပြီ ပျင်းစရာကောင်းလိုက်တာ"

"ထားပါ သတင်းကြည့်ရအောင်"

ဒေါ်လေးနဲ့အစ်ကိုကသတင်းကြည့်မယ်ဆိုတော့
မင်ယောင်းလည်းအင်တင်တင်နဲ့သာ သတင်းအစီစဉ်ကို
ကြည့်နေရတော့သည်။အဲ့အစားBTSကအိုပါးတွေရဲ့
Music Videoတွေသွားကြည့်တာမှပိုကောင်းဦးမယ်။

"သတင်းဆိုတာကြည့်သင့်တယ်လေ ကိုယ့်နိုင်ငံမှာဘာတွေ
ဘယ်လိုဖြစ်နေလဲ ဘာတွေခေတ်ထနေတယ်၊စီးပွားရေး
အခြေအနေတွေ အားလုံးသိထားသင့်တာပေါ့"

SHATTERED ILLUSIONWhere stories live. Discover now