Chapter_One

149 7 9
                                    

Unicode Version

မရောက်တာကြာပြီဖြစ်တဲ့ကိုရီးယားမြေကို
တစ်ခါပြန်လည်ခြေချရင်း လတ်ဆတ်တဲ့လေထုကို
အဆုတ်ထဲထိအဝရှူသွင်းလိုက်သည်။
အချိန်ကားညနေ5နာရီခန့်။ 

ပုံမှန်အတိုင်းဆို နောက်နှစ်ရက်လောက်နေမှဒီနိုင်ငံ
ပြန်လာဖြစ်မှာ ဒါပေမယ့်လည်း မတွေ့ရတာကြာပြီ
ဖြစ်တဲ့သူ့ရဲ့ဒီနိုင်ငံကအမျိုးအဆွေတွေကို 
Surpriseဖြစ်သွားစေချင်တာကြောင့် 
ဘယ်သူ့ကိုမှကြိုတင်အသိမပေးပဲ ရုတ်တရက်
ပြန်လာဖြစ်ခဲ့သည်။

"Taxi...King Clubကိုမောင်းပေးပါ"

ဒီနေ့ပြန်လာမယ်မှန်းဘယ်သူ့ကိုမှကြိုပြောမထားတာကြောင့်
အငှားယာဉ်နဲ့သာ သွားဖို့ဖြစ်လာခဲ့သည်။
အထူးသဖြင့်ပတ်ခ်ဂျီမင်ကို...
ရုတ်ချည်းရောက်ချလာတဲ့သူ့ကိုမြင်ပြီး အံ့သြနေမယ့်
ပတ်ခ်ဂျီမင်ပုံစံကိုမြင်ချင်မိပါရဲ့...
ပတ်ခ်ဂျီမင်က ဝမ်းကွဲအစ်ကိုပေမယ့်သူ့အတွက်တော့
ညီအစ်ကိုရင်းလိုပင်။ 

King Clubဆိုတာ ဒီနှစ်ထဲမှာ ပတ်ခ်ဂျီမင်
ထောင်ထားတဲ့Clubတစ်ခု။မကြာသေးခင်ကမှ
ထောင်ထားတဲ့Clubပေမယ့် ပတ်ခ်ဂျီမင်ရဲ့အစွမ်း
အစကမသေးတော့ သူ့Clubကတော်တော်လေး
နာမည်ကြီးနေသည်။

"ဦးလေးကြီး Airconပိတ်ပြီး
မှန်လေးချပေးပါ"

"လူလေးကြည့်ရတာ ကိုရီးယားမြေ
မပြန်ဖြစ်တာကြာပြီထင်တယ်...ဘယ်နှယ့်လဲ
ကိုယ့်နိုင်ငံကလေထုကပိုလန်းဆန်းစေတယ်မလား"

"ဒါပေါ့...အကောင်းဆုံးပါပဲဗျာ"

"လူလေးက ဘယ်နယ်ကလဲ"

"ဘူဆန်ဇာတိပါ"

"ဦးလေးလည်း ဘူဆန်သားပဲ
အင်း လေယူလေသိမ်းက...ဒါကြောင့်ကိုး"

သို့နှင့် လေလေးတဖြူးဖြူးတိုက်နေတဲ့အနေအထားမှာ
နားကြပ်လေးတပ်ရင်း မှေးကာလမ်းခရီးတစ်လျှောက်
ငြိမ်ငြိမ်လေးလိုက်ပါလာခဲ့သည်။အတွေးတွေကတော့
တောင်တွေးမြောက်တွေးပေါ့...

........... ........... ............

ဂျွန်ဂျောင်ကုဘဝက အရာရာအဆင်ပြေပါတယ်။
မွေးကတည်းကရွှေဇွန်းကိုက်ပြီး ဘာအပူအပင်မှမရှိပဲ
ကြီးပြင်းလာခဲ့ပေမယ့် သူ့ဘဝကပျော်စရာတော့
သိပ်မကောင်းခဲ့ပါဘူး။ 
အမေကချစ်ပေးသလောက်အဖေရဲ့လစ်လျူရှုထားခြင်းကိုလည်း
ခံခဲ့ရသည်။အဖေကငွေကောင်းကောင်းရှာပေးရုံနဲ့တင်
လုံလောက်ပြီထင်နေတာ။ ငယ်ငယ်ကဆိုစာမေးပွဲ
အမှတ်နည်းတိုင်း အမှားတစ်ခုလုပ်မိတိုင်းအပြစ်ပေးခံရတယ်။
အရက်မူးလာတဲ့အချိန်ဆိုလည်းဂျောင်ကုကိုသူ့သားမဟုတ်ဘူးဆိုပြီး ခါးပတ်နဲ့လည်းရိုက်တတ်သေးတယ်။ 
တစ်ခါတစ်လေအမေ့ကိုပြန်မေးဖူးတယ် သူကသား
အရင်းရောဟုတ်ရဲ့လားဆိုပြီး။ ဂျောင်ကုဆယ်ကျော်သက်
အရွယ်မှာ အမေကအဖေဖြစ်သူ အိမ်ဖော်နဲ့ဖောက်ပြန်နေတာ
လက်ပူးလက်ကြပ်မိကာရှော့ခ်ဖြစ်ပြီးဆုံးပါးသွားခဲ့သည်။
ဖောက်ပြန်တဲ့သူကလည်း သူ့ကိုငယ်ငယ်ကတည်းက
ထိန်းကျောင်းလာခဲ့တဲ့ကလေးထိန်းအစ်မကြီးနဲ့မှ...။
အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်တာခံလိုက်ရပြီးတော့
ဂျောင်ကုရဲ့စိတ်ဒဏ်ရာတွေကနှစ်ဆတိုးလာခဲ့သည်။
ဒါနဲ့ပဲ အမေဆုံးပြီးမကြာခင်မှာဒေါ်လေးတို့လင်မယားရှိတဲ့USကို
ပညာတော်သင်ထွက်သွားခဲ့သည်။သစ္စာမရှိတဲ့လူတွေရဲ့
ပတ်ဝန်းကျင်မှာမရှင်သန်ချင်တော့ဘူး။USမှာ
ကျောင်းပြီးပြီးတဲ့နောက်အဖေက ကိုရီးယားကကုမ္ပဏီမှာသူ့ကို
ဦးစီးခိုင်းဖို့ပြန်လာခိုင်းခဲ့တယ်။ဒါပေမယ့်သူကအဲ့ဒီလိုလုပ်မယ့်အစား
USမှာပဲရုံးခွဲတစ်ခုထပ်ဖွင့်ပြီးလုပ်ငန်းတိုးချဲ့ခဲ့တယ်။
အခုတော့အဖေကပြီးခဲ့တဲ့လကမှ ယာဉ်တိုက်မှုနဲ့
ကိုမာဝင်သွားတာကြောင့်ရုံးချုပ်ကကိစ္စတွေကိုင်တွယ်
ဖြေရှင်းဖို့အမိမြေကိုနောက်တစ်ခါခြေပြန်ချဖို့ဖြစ်လာခဲ့သည်။
အဖေနဲ့အနေဝေးနေလို့လား ဒါမှမဟုတ်နာကျင်လွန်းပါများလို့
လူကထုံသွားတာလား?အဖေယာဉ်တိုက်မှုဖြစ်တဲ့
သတင်းကြားကြားခြင်းဘာမှသိပ်အထွေးအထူးမခံစားရ။
အခုတောင်အဖေ့ဆီအရင်မသွားပဲအစ်ကိုဝမ်းကွဲဖြစ်တဲ့
ဂျီမင်ဆီကိုအရင်သွားနေတာ။ 

SHATTERED ILLUSIONWhere stories live. Discover now