Chapter_Two

89 4 2
                                    

Unicode Version

ဂျောင်ကု မိထွေးဖြစ်သူနဲ့မျက်နှာချင်းမဆိုင်ချင်တာကြောင့်
ဟိုတယ်မှာပဲတည်းဖို့ဆုံးဖြတ်ထားသည်။
ဟိုတယ်ရောက်တာနဲ့ လန်းဆန်းသွားအောင်
ရေမိုးချိုးပစ်လိုက်သည်။ရေချိုးခန်းရဲ့မှန်ပေါ်ထင်ဟပ်နေတဲ့
ကိုယ့်ပုံရိပ်ကိုပြန်ကြည့်ရင်း ကျေနပ်နေမိ၏။
ဗိုက်မဆာတာကြောင့်ညစာမစားတော့ပဲ Banana milk
တစ်ဗူးသာဖောက်သောက်ရင်းLaptopတစ်လုံးနဲ့
ရုံးခွဲတွေကပေးပို့ထားသောReportတွေထိုင်စစ်နေခဲ့သည်။
အလုပ်ထဲစိတ်နစ်နေတော့ အချိန်တွေဘယ်လို
ကုန်သွားမှန်းတောင်မသိ။

"မစောတော့ဘူး အိပ်တာပဲကောင်းပါတယ်"

Laptopကို ပိတ်ကာ အိပ်ယာဘေးက
စားပွဲပေါ်အကျအနတင်ကာ အိပ်ဖို့လုပ်နေပေမယ့်
အတွေးတွေကတောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့
ညနေက Barမှာတွေ့ခဲ့တဲ့ မိန်းမလှလေးအကြောင်းပါ
မဆီမဆိုင်တွေးလိုက်မိသေး။ဂျွန်ဂျောင်ကုလိုလူမျိုးက
မိန်းမလှလေးတွေအများကြီးနဲ့တွေ့ခဲ့ဖူးပေမယ့်
ဒီတစ်ယောက်ကတော့မတူတဲ့ အငွေ့အသက်တစ်ခုကို
ခံစားမိသည်။စိတ်တော့ဝင်စားစရာပဲ သူလိုလူက
ထိုမိန်းကလေးအကြောင်းကိုတွေးနေမိသည်လေ။
ဒီညလည်း အိပ်ဆေးသောက်ပြီးအိပ်ပျော်ဖို့
ကြိုးစားရတော့မည်။အိပ်မက်ဆိုးတွေအရမ်းများတဲ့
သူ့အတွက် အိပ်ဆေးသောက်မှအိပ်ပျော်တာအကျင့်လိုပင်။
ဆရာဝန်က အိပ်ဆေးစွဲမှာစိုးရိမ်လို့မသောက်ဖို့တားပေမယ့်
သူကအိပ်ဆေးမှမသောက်ရရင်အိပ်မပျော်တော့ဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ တစ်ခါတစ်ရံပင်ပန်းတဲ့အချိန်တွေမှာ
အသက်ရှူကြပ်ပြီးမူးဝေတာ ၊လက်တုန်တာမျိုးတွေဖြစ်လာသည်။
ကုသဖို့နည်းကတော့ အိပ်ဆေးဖြတ်ရမှာပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ လူ့ဘဝကတိုတိုလေးပါပဲ။
အသက်ရှည်ရှည်နေရအောင်လည်း နေချင်စရာကောင်းတဲ့
အကြောင်းအရင်းမှမရှိပဲ ကံပါသလောက်ပဲပေါ့။

မနက်ကျရင်တော့ဆေးရုံသွားပြီးအဖေ့ကိုသွားကြည့်ဦးမှပါ။

.......... .......... ...........

6:00AM,
တတီတီမြည်နေသော နှိုးစက်နာရီကိုပိတ်ကာ
အိပ်ယာခဖို့ပြင်လိုက်သော်လည်း အိပ်ချင်စိတ်
မပြေသေးတာကြောင့် မိနစ်ပိုင်းလောက်ထပ်မှေးနေမိ၏။
ဒီနေ့သာပိတ်ရက်ဆိုသိပ်ကောင်းမှာကို ခက်တာက
ဒီနေ့မှတနင်္လာရှိသေးတာ။

SHATTERED ILLUSIONWhere stories live. Discover now