Chapter_Six

98 7 2
                                    

Unicode Version

အစကတစ်ပတ်လောက်ပဲနေပြီးအစည်းအဝေး
ပြီးတာနဲ့ပြန်ဖို့စိတ်ကူးထားပေမယ့်အခုတော့
ကိုရီးယားမှာ သူ့အတွက်စိတ်လှုပ်ရှားစရာလေး
တစ်ခုရှိနေပြီဆိုတော့ ရက်အနည်းငယ်လောက်
အချိန်ထပ်ဖြုန်းပြီးမှပြန်တာပိုကောင်းမည်ဟု
ဆုံးဖြတ်ထားသည်။မင်ယောင်းအပေါ် အရမ်းကြီး
စွဲလမ်းနေတာတော့မဟုတ်။ဂျောင်ကုလိုရုပ်ရှိ
ရေလျှံဘဲက ရောက်ရာအရပ်မှာသဘောကျရင်
လိုက်လိုက်တာပဲ အချစ်တော့မဟုတ်ဘူးပေါ့။
နောက်ဆိုမင်ယောင်းဆိုတာလည်း ဂျောင်ကုရဲ့
ဇယားလေးတွေထဲက တစ်ယောက်ဖြစ်သွားမှာ။
အခုတလောကစားပွဲလေးတစ်ခု‌ကြောင့်ဂျောင်ကု
စိတ်ပျော်နေသည်။ဆိုဖာထက်ခြေချိတ်ထိုင်ရင်း
လက်ချောင်းတို့ကိုဖုန်းမျက်နှာပြင်ထက်
အလုပ်ပေးနေလိုက်သည်။

........... .......... ............

~ဘာလုပ်နေတာလဲ ထမင်း‌ရောစားပြီးပြီလား

Screenထက်က စာတိုလေးတစ်ကြောင့်သူမ
သတိမထားမိပဲပြုံမိသွားသည်။

"မင်ယောင်းရည်းစားရနေပြီလား"

အခုတလောမှာမင်ယောင်းက အရင်ကလို
ရိုးရိုးရှင်းရှင်းလေးမဟုတ်ပဲ မိတ်ကပ်အပြည့်
Onထားတတ်တာကြောင့် သံသယရှိခြင်းပင်။
ညဆိုလည်းတော်တော်နဲ့မအိပ်ပဲ ဖုန်းသုံးနေရရင်
မျက်နှာကပြုံးဖြီးလို့...အခုတောင် မိသားစု
ထမင်းဝိုင်းမှာ မင်ယောင်းကဖုန်းကိုကြည့်ရင်း
ပြုံးစိစိနဲ့...

"မဟုတ်...မဟုတ်ပါဘူး ဒေါ်လေးကလည်း"

"မသိပါဘူး ညည်းကအခုတလော
အရမ်းလှလာတော့ ငါကကောင်လေးတွေ
ဘာတွေများရလာပြီလားလို့"

အခုတလောမင်ယောင်းနဲ့ စီအီးအိုဂျွန်တို့မှာ
အတော်လေးရင်းနှီးနေသည်။CEOဂျွန်က
အတော်လေးသဘောကောင်းပြီးဖော်ရွေသည့်သူ
ဖြစ်သည်။ကျန်တဲ့သူတွေနဲ့အလုပ်သဘောလောက်သာ
အခေါ်အပြောရှိပြီး သူမနဲ့ကျမှမိတ်ဆွေတွေလိုဆက်ဆံသည်။
CEOကတော့ ရိုးမှရိုးရဲ့လားမသိပေမယ့် ရည်းစားတစ်ခါမှ
မထားဖူးတဲ့မင်ယောင်းကတော့ ဂျွန်ဂျောင်ကုဆိုတဲ့လူရဲ့
အပြောအဆို ဂရုစိုက်မှုတွေကြားမှာ ပျော်ဝင်နေမိသည်။
အကယ်၍သာ ဂျွန်သူမကိုသဘောကျလို့ ဖွင့်ပြောလာခဲ့ရင်
လက်ခံလိုက်မည်သာ

SHATTERED ILLUSIONWhere stories live. Discover now