Chapter_Five

64 6 0
                                    

Unicode Version

ဒီနေ့မင်ယောင်းအတော်လေးစိတ်လှုပ်ရှားနေသည်။
အကြောင်းမှာ GJ7က သူမတို့ကုမ္ပဏီရဲ့
လာမယ့်နွေရာသီအတွက်အသစ်ထွက်မယ့်အဝတ်အစား
ဖက်ရှင်နဲ့ပက်သက်ပြီးရင်းနှီးမြှုပ်နှံမှာဖြစ်တာကြောင့်ပင်။
GJ7ကကိုရီးယားမှာတင်မကအနောက်နိုင်ငံမှာပါ
အောင်မြင်သည့်Brandတစ်ခုဖြစ်တာကြောင့်
ဒါဟာသူမတို့ကုမ္ပဏီအတွက်မဟာအခွင့်အရေးပင်
ပြီးတော့ ဒီပရောဂျက်ကိုGJ7ကရှယ်ယာဝင်မယ့်CEOကို
အသေးစိတ်ရှင်းပြပေးဖို့ မင်ယောင်းကိုတာဝန်ပေးထားသည်
ဆိုတော့သူမရဲ့တင်ဆက်မှုကိုမကြိုက်ရင်တဖက်က
လူကြီးမင်းကဘာရှယ်ယာမှမဝင်ပဲအမေရိကန်ပြန်သွားလိမ့်မည်
မန်နေဂျာကြီးကသူမကိုယုံကြည်လို့တောင် ကျန်တဲ့
ဝန်ထမ်းတွေနဲ့ အတိုက်အခံလုပ်ပြီးးတောင် သူမလို
အလုပ်သင်ကိုတာဝန်ပေးထားသည်မှတ်လား
သူမအလုပ်ကြိုးစားရမည်။ဒီတစ်ခေါက်ပရောဂျက်
အောင်မြင်ရင် သူမ၆လစောင့်စရာမလိုပဲအတည်ပြု
ဝန်ထမ်းဖြစ်ပြီလေ။အစည်းအဝေးအတွက်သူမပြင်ဆင်စရာ
ရှိတာပြင်ဆင်ပြီးနောက် အချိန်နည်းနည်းပိုနေသေးတာကြောင့်
အစည်းအဝေးမှာတင်ပြရမယ့်ပရောဂျက်ကို
တစ်ခေါက်လောက်ပြန်စစ်ဖို့သူမစိတ်ကူးမိသည်။
အိမ်မှာတုန်းကလည်းတစ်ခေါက်ပြန်စစ်ခဲ့ပြီးသားဆိုပေမယ့်
သူမရဲ့လျှပ်ပြာတတ်တဲ့အကျင့်ကြောင့် အမှားအယွင်း
တစ်ခုမှမရှိစေရန်ပြန်စစ်ဆေးမှတော်ကာကြမည်။
သူမရဲ့ လွယ်အိတ်ထဲကနေUSB stickလေးကို
ထုတ်ယူလိုက်သည်။ဒါပေမယ့် ကံဆိုးစွာနဲ့အိတ်ထဲမှာ
ဘာUSBမှာရှိမနေပေ။

"သေချာထည့်ခဲ့တာကို..."

သူမတစ်အိတ်လုံးသွန်ပြီးရှာသော်လည်း ရှာနေတဲ့ပစ္စည်းက
မရှိပေ။သေချာပြန်စဉ်းစားကြည့်လိုက်တော့မှ မနက်က
ပရောဂျက်ကိုနောက်ဆုံးတစ်ခေါက်ပြန်စစ်ပြီးတော့
ဒေါ်လေးကနံနက်စာစားဖို့လာခေါ်တာနဲ့ Laptopကို
ပိတ်ပြီးနံနက်စာသွားစားတာ။ သူမLaptopကနေ
ထိုUSBကိုဖြုတ်ပြီးစားပွဲပေါ်ချမိခဲ့သလားပဲ။
အိမ်နဲ့အလုပ်ကဝေးတာကြောင့်အိမ်ပြန်ယူဖို့ကလည်းမဖြစ်နိုင်။
အသွားအပြန်နဲ့တင်တစ်နာရီကျော်လောက်အချိန်ကြာသွားမှာ
နောက်နာရီဝက်ဆိုရင်ပဲ အစည်းအဝေးစတော့မည်။

SHATTERED ILLUSIONWhere stories live. Discover now