Chapter_Three

109 4 0
                                    

Unicode Version

ဂျောင်ကုကီလေး ကိုရီးယားပြန်ရောက်တာ
တစ်ပတ်လောက်ရှိနေပေမယ့် အိမ်ဘက်လုံးဝ
ခြေဦးမလှည့်တာကြောင့် ဟန်ယူဂျောင်းတစ်ယောက်
ဂျောင်ကုကြိုက်တဲ့အစားအသောက်တွေပြင်ဆင်ကာGJ7သို့
ထွက်လာခဲ့သည်။

"CEO ဧည့်သည်ရောက်နေပါတယ်"

"ဘယ်သူတဲ့လဲ"

ဂျောင်ကုစကားမဆုံးသေးခင် အခန်းထဲ
ဒေါက်ဖိသံတခွပ်ခွပ်နှင့် ဝင်လာသော
အသက်၄၀ခန့်အမျိုးသမီးတစ်ဦး။

"တော်တော်တောင်အရွယ်ရောက်လာပြီပဲ"

သူမကိုမြင်လိုက်သည်နှင့် ဂျောင်ကုအလိုလိုနေရင်း
မျက်မှောင်ကြုံ့မိသွားသည်။ထိုနောက် လည်ပင်းကနကခ်တိုင်ကို
စိတ်ရှုပ်နေသည့်နှယ် ဆွဲခွာလိုက်ကာ

"ဟန်ယူဂျောင်းက ဒီနေရာကိုဘာလာလုပ်တာလဲ"

"နေ့လည်စာလာပို့တာပါ မင်းကအိမ်မှပြန်မလာတာ
တွေ့ချင်တဲ့ငါကပဲလိုက်လာရတော့မှာပေါ့"

ဟန်ယူဂျောင်းက အသက်နဲ့မှမလိုက်ငယ်ရွယ်နုပျိုသည်။
မသိရင်ဂျောင်ကုနဲ့မောင်နှမတွေနဲ့တောင်တူသေး။

"ဟန်ယူဂျောင်းကို ဒီနေရာကမကြိုဆိုဘူး"

အတွင်းရေးမှူးမိန်းကလေးက လူသစ်ဆိုတော့
ဘာမှမသိတာကြောင့် အူကြောင်ကြောင်လေး
ရပ်ကြည့်နေမိသည်။

"အတွင်းရေးမှူးလီ လုပ်စရာရှိတာသွားလုပ်"

"ဟုတ်ကဲ့"

ဂျောင်ကုပြောလိုက်မှ အတွင်းမှူးလီလည်းအရိုအသေပေးကာ
ရုံးခန်းထဲကနေထွက်သွားသည်။

"အိမ်ကမင်းအိမ်ပဲ ပြန်လာလို့ရပါတယ်"

"ဒါပေါ့ ကျုပ်အမေအိမ် ကျုပ်အိမ်ပဲလေ
ကျုပ်ကမမြင်ချင်တဲ့မျက်နှာတွေရှိလို့ပြန်မလာတာ"

ဂျောင်ကုစကားကြောင့် သူမမျက်နှာပျက်သွားရသည်။

"ခင်ဗျားပဲ အိမ်ပြန်လိုက်ပါကျုပ်က ကိစ္စတွေပြီးတာနဲ့ပြန်မှာ...
အလုပ်လုပ်တော့မှာမို့ ရုံးခန်းထဲကထွက်သွားပေးပါ"

"ကောင်းပြီလေ"

သူမလည်း ဘာမထီမျက်နှာပေးနဲ့ပင် ဂျောင်ကုအား
တစ်ချက်ကြည့်ကာ

SHATTERED ILLUSIONWhere stories live. Discover now