သမီးလေးဆုံးပြီးသုံးလ ပြည့်တဲ့နေ့မှာ ဟိန်း ဆေးရုံကို ပြန်ခြေချခဲ့တယ်
"ဆရာ ဆရာပြန်လာပြီပေါ့"
"အင်း ငါထွက်စာလာတင်တာ"
ဟိန်း လင်းသစ်ကို ပြောပြီးတာနဲ့ ဆေးရုံအုပ်အခန်းကိုဦးတည်လိုက်တော့တယ်
"ဒေါက်တာ ကြိုက်သလောက်အချိနိယူပါ ပြီးရင်တော့ ကျွန်တော်တို့ ဆေးရုံကိုပြန်လာခဲ့ပါ ဒေါက်တာထွက်စာကို ကျွန်တော်လက်မခံနိုင်ဘူး"
"ဆေးရုံအုပ်ကြီးသဘောပါ ကျွန်တော်ကတော့ နှုတ်ထွက်စာပေးခဲ့ပါပြီ"
ကျောခိုင်းထွက်သွားတဲ့ မုတ်ဆိတ်မွှေးတွေ ဆံပင်ဘုတ်သိုက်နဲ့ ဒေါက်တာဟိန်းတေဇလွှမ်းပိုင်ကို ကြည့်ရင်း ဆေးရုံအုပ်ကြီး သက်ပြင်းသာချလိုက်မိတော့တယ်
ဟိန်းရဲ့ ဒုတိယဦးတည်ရာနေရာကတော့ သမီးလေးရှိတဲ့နေရာ
မှန်ခန်းလေးရဲ့ ဓာတ်ပုံထဲမှာ အလှပဆုံးပြုံးနေတဲ့ သမီးလေးကိုကြည့်ရင်း ဟိန်းမျက်ရည်ကျမိတော့တယ် သမီးလေးက အရမ်းအေးချမ်းသွား ပင်မယ့် ဟိန်းကတော့
"ပါးပါး သမီးလေး သမီးလေးက ခွင့်လွှတ်နိုင်တယ် မခွင့်လွှတ်နိုင်တယ်ဆိုတာ မပြောပင်မယိ့ ပါးပါးကတော့ သမီးလေးကို ထိခိုက်စေတဲ့ အဲလူကို ဂလဲ့စားချေမှဖြစ်မယ် သမီးလေး ပါးပါးက သမီးဖြစ်စေချင်သလို လူကောင်းမဖြစ်နိုင်တော့တဲ့အတွက်တော့ ပါးပါးတောင်းပန်ပါတယ် သမီးလေး"
သမီးလေးကိုကျောခိုင်းလိုက်ပြီးတာနဲ့ အရိုးပြာအိုးတွေထားတဲ့ ဂူဗိမ္မာန်နေရာကနေ ဟိန်းထွက်လာရင်း အပြင်မှာ အသင့်စောင့်နေတဲ့ ကားအနက်တစ်စီးပေါ်တက်လာလိုက်တော့တယ်
"ကျွန်တော် ဘာကူညီပေးရမလဲဒေါက်တာ"
"ကျွန်တော်တောင်းမယ့်အကူအညီက ဥပဒေ နဲ့မလွတ်ကင်းသလို လူတစ်ယောက်ရဲ့ဘဝတစ်ခုကို ပြောင်းလဲပစ်စေနိုင်တယ်ဆိုရင်ရော ကူညီပေးမှာလား ဦးတိမ်ယံလင်း"
YOU ARE READING
မင်းက ငါ့အတွက်တော့အမြဲတမ်းomega မင်းက ငါ့အတွက်တော့အမြဲတမ်းomega
General Fictionအညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု အညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု Start date-26.3.2024