"ဆရာ တစ်ခုခုလောက်စားပါအုံး"
လင်းသစ် ဆရာ့ကိုကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်မိနေတော့တယ် ဆရာက သဒ္ဓါရဲ့ ဓာတ်ပုံလေးကို ကြည့်ရင်း ငြိမ်သက်နေတော့တယ် ဘယ်သူကိုမှလည်း စကားမပြော ဘာမှလည်း မစားမသောက်နဲ့နေတာ အဲနေ့ သဒ္ဓါလေးကို ပျောက်သွားပြီး ပြန်တွေ့တဲ့နေ့ကတည်းကပဲ
သဒ္ဓါလေးအဖြစ်ကလည်း အရမ်းကိုဆိုးရွားလွန်း တယ် လင်းသစ်တို့ သဒ္ဓါလေးကိုပြန်တွေ့တော့ မြို့ပြင်က တံတားအောက်မှာ ရင်ရက်စက်စက်rapeလုပ်ခံရပြီး သေဆုံးနေခဲ့တယ်လေ သဒ္ဓါလေးကဘယ်လောက်တောင် ကြောက်နေလဲဆို အလောင်းပြန်တွေ့တဲ့အချိန်မှာ မျက်လုံးတောင်မပိတ်နိုင်အောင်ဖြစ်နေတော့တယ် အဲနေ့က ဆရာဆိုတာ အရူးလိုပဲ သဒ္ဓါ့အလောင်းကိုဖက်ထားတာ မလွှတ်ပေးတာမလို့ ရဲအရာရှိတွေတောင်မနည်းဆွဲခွာခဲ့ရတာ
"ဆရာ"
"သဒ္ဓါကို မီးသဂြိုလ်ဖို့လုပ်ပေးရမယ်လေ ဆရာ ဆရာအဲလိုဝမ်းနည်းနေရင် သဒ္ဓါလေးက ထွက်သွားဖို့ ဘယ်စိတ်ချနိုင်ပါ့မလဲ ဆရာရယ်"
ဟိန်း သမီးလေးဓာတ်ပုံကိုကြည့်ရင်း ဝမ်းနည်းနေမိတယ် သူ့သမီးလေး သူ့ဘဝရဲ့ တစ်ခုတည်းသော တွယ်တာရာလေးက ခုတော့ သူ့အနားကထွက်သွားပြီလေ အဲနေ့ကသမီးလေး ဖုန်းခေါ်တာကို ကိုင်ခဲ့မိရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး သမီးက သူ့ရဲ့နောက်ဆုံးအကြိမ်မှာတောင် သူ့ကိုအားကိုးတကြီးခေါ်ခဲ့ပင်မယ့် သူမသွားနိုင်ခဲ့ဘူး သူတကယ်အသုံးမကျတာ သူအသုံးမကျတာ
အဲနေ့က သမီးလေးက သူဝယ်ပေးတဲ့ဘဂါဝန်ပန်းရောင်လေးနဲ့..
ဟိန်း ဘယ်လိုမှ လက်မခံနိုင်ဖြစ်နေမိတော့တယ် မျက်ရည်တွေအဆက်မပြတ်ကျနေသလို သမီးရဲ့ ဓာတ်ပုံလေးကိုလည်း ကျစ်နေအောင်ဖက်ထားလိုက်မိတော့တယ်
ခွပ်
"တာယာ"
"မှူး ငါ့ကိုမဆွဲနဲ့ သတိုးခန့်သူ မင်းမလား ဖြူလေး ဖြူလေးခုလိုဖြစ်တာ မင်းပရောဂမကင်းဘူးမလား"
ESTÁS LEYENDO
မင်းက ငါ့အတွက်တော့အမြဲတမ်းomega မင်းက ငါ့အတွက်တော့အမြဲတမ်းomega
Ficción Generalအညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု အညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု Start date-26.3.2024