အခန်း(9)

163 23 2
                                    

သတိုး ကမ်း​ခြေက သဲ​သောင်​ပြင်​မှာ ထိုင်​ရင်း ဘာလုပ်​ရမလဲ​တွေး​နေမိတယ်​ သူက ​မွေးဖွားလာကတည်းက dominant alphaအ​နေနဲ့​မွေးဖွားလာခဲ့တာ သူကြီးပြင်းလာတဲ့ပါတ်​ဝန်း ကျင်​ သူ့အဖိုး​ရော အဖွား​ရော အ​ဖေ​ရော အ​မေ​ရောက alpha​တွေချည်းပဲ​လေ အိမ်​မှာရှိတဲ့ အလုပ်​သမား​တွေကလည်း beta​တွေချည်းမလို့ သူဆိုတာ ငယ်​ငယ်​​လေးကတည်းကomegaဆိုတဲ့ အသုံးကို မရင်းနှီးခဲ့ဘူး

သတိုး အသက်​ဆယ်​နှစ်​​လောက်​မှာ ​ဖေ​ဖေကို omegaတ​ယောက်​က ဖယ်​ရိုမုန်းနဲ့ဆွဲ​ဆောင်​ခဲ့တာမလို့ သတိုးတို့မိသားစု​လေးရဲ့ ​ပျော်​ရွှင်​မှု​တွေ ​ပျောက်​ဆုံးကုန်​တယ်​​လေ ​ပျော့ဖက်​ဖက်​ omegaနဲ့ မာနတရားအပြည့်​နဲ့ မာ​ကြောတဲ့ alphaဇနီးကြားမှာ ​ဖေ​ဖေက omegaကို​ရွေးချယ်​သွားခဲ့တာမလို့ ​မေ​မေက နာကျင်​မှု​တွေနဲ့ ဘဝကိုဖြတ်​သန်းခဲ့ရတယ်​​လေ

ပြီး​တော့ သတိုးရဲ့ဦး​လေး ကလဲomegaတ​ယောက်​ရဲ့ လှည့်​စားမှု​တွေ​အောက်​မှာ​သေဆုံးခဲ့ရတာမလို့ သတိုးစိတ်​ထဲမှာ omega​တွေကိုမုန်း​နေမိတယ်​ ​ပျော့ညံညံomega​တွေက သူတို့ဖယ်​ရိုမုန်း​တွေနဲ့ဆွဲ​ဆောင်​ပြီး alpha​တွေကို လိမ်​စား​နေတယ်​လို့ပဲ သတိုးစိတ်​ထဲက ထင်​လာ​တော့တယ်​ သတိုးကိုယ်​တိုင်​လည်း dominant alphaမလို့ သတိုးကိုလာဆွဲ​ဆောင်​တဲ့ omega​တွေအများကြီး​ကြောင့်​ omega​တွေကို အပြက်​​ကောင်​​တွေ ပြည့်​တန်​ဆာ ​တွေလိုပဲ ထင်​မြင်​လာ​တော့တယ်

ခု သတိုးက သတိုးအရမ်းရွံတဲ့omegaအဖြစ်​​ပြောင်းသွားတဲ့အချိန်​ သတိုးလက်​မခံနိုင်​ဖြစ်​လာ​တော့တယ်​ သတိုးသဲ​သောင်​ပြင်​က ထပြီး ပင်​လယ်​ဖက်​ထဲကို ဆင်းဖို့ ပြင်​လိုက်​​တော့တယ်​ omegaတ​ယောက်​အဖြစ်​ရှင်​သန်​ဖို့ထက်​ သတိုး ​သေခြင်းတရားကို ​ရွေးချယ်​ဖို့ဆုံးဖြတ်​လိုက်​​တော့တယ်

"ရပ်​စမ်း"

နောက်​ကလူရဲ့စကားကို သတိုးဂရုမစိုက်​ပဲ ပင်​လယ်​ထဲကို ဆင်းဖို့သတိုးအသဲအသန်​​ပြေးမိ​တော့တယ်​ သတိုး​ရေနက်​ထဲအမြန်​​ပြေးဆင်းလိုက်​တဲ့အချိန်​ သတိုးကိုယ်​​လေးက ​ရေ​အောက်​ထဲနှစ်​မြှပ်​သွားပြီး ပါးစပ်​ထဲ​ရော နှာ​ခေါင်းထဲ​ရော ​ရေ​တွေ အလုအယက်​ဝင်​လာ​တော့တယ်

မင်းက ငါ့အတွက်​​တော့အမြဲတမ်းomega မင်းက ငါ့အတွက်​​တော့အမြဲတမ်းomegaOù les histoires vivent. Découvrez maintenant