"မီးငယ်လေး ပါးပါးသွားတော့မယ်နော် တစ်ခုခုဆို ပါးပါးကိုဖုန်းဆက်နော် ပါးပါးချက်ခြင်းလာခဲ့မယ်"
"ပါးပါး မီးငယ်က ခုဆိုဆေးကျောင်းသူကြီးတောင်ဖြစ်နေပါပြီ ကလေးလေးမဟုတ်တော့ပါဘူး ပါးပါးရဲ့"
ဒီနေ့ သဒ္ဓါရဲ့ပထမဆုံး ဆေးကျောင်းတက်တဲ့နေ့ကို ပါးပါးက လိုက်ပို့ရင်း သေသေချာချာလေးမှာနေတာမလို့ သဒ္ဓါ ရီရင်းပါးပါးကိုပြန်ပြောလိုက်မိတော့တယ် ပါးပါးက သဒ္ဓါခေါင်းက ဆံပင်လေးတွေကိုသပ်တင်ပေးရင်း
"ပါးပါးဘဝမှာ မီးငယ်လေးပဲရှိတာလေ ပြီးတော့ ပါးပါးရဲ့မီးငယ်လေးက အရမ်းကိုလှတဲ့ omegaလေးမလို့ ပါးပါးကအရမ်းစိတ်ပူတယ်လေ သမီးလေးရဲ့"
"မီးငယ်က အရမ်းကိုသန်မာတဲ့omegaလေးပါနော် မီးငယ်ကို လာနှောင့်ယှက်တဲ့ ဘယ်သူကိုမဆိုမီးငယ်က ကိုင်ပေါက်ပြစ်လိုက်မှာ"
"ဟုတ်ပါပြီ ပါးပါးမင်းသမီးလေးရဲ့"
"တာ့တာ ပါးပါး ကားကိုဂရုစိုက်မောင်းနော် ပါးပါး"
"တာ့တာ သမီးငယ်လေး"
ဟိန်း သမီးလေးကို ကျောင်းပို့ပြီးတာနဲ့ ဟိန်း အလုပ်ရှိရာ grand ဆေးရုံကို မောင်းလာလိုက်တော့တယ် မနေ့က တိုက်မိတဲ့ကားကိုလည်း workshopကိုသွားယူရအုံးမယ် တော်သေးတယ် ကားတစ်စီးပိုဝယ်ထားမိလို့ မဟုတ်ရင် သမီးလေးရဲ့ ပထမဆုံးကျောင်းတက်ရက်လေးကိုtaxiနဲ့သွားနေရအုံးမယ်လေ
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါ ဒေါက်တာ"
ဆေးရုံထဲဝင်လာတာနဲ့ ဝန်ထမ်းတွေက တယောက်ပြီးတယောက်နှုတ်ဆက်လာသလို ဟိန်းရဲ့လက်ထောက် လင်းသစ်က ဟိန်းဘေးကိုရောက်လာပြီး ဒီနေ့ကြည့်ရမယ့် လူနာစာရင်းနဲ့ operationအကြောင်းကိုပြောလာတော့တယ်
"ဆရာ ဒီနေ့grand medical universityက final year ကျောင်းသားတွေ practicalလာလိမ့်မယ် ဆရာ သူတို့ကို ဆေးရုံအုပ်ကြီးက မျိုးရိုးဗီဇ ပြောင်းလဲခြင်း သုတေသန နဲ့ပက်သက်ပြီး ဟောပြောပွဲလေး လုပ်ပေးစေချင်တယ်လို့ ပြောထားပါတယ် ဆရာ လုပ်ပေးနိုင်မလားလို့လဲမေးထားပါတယ် ဆရာ"
ESTÁS LEYENDO
မင်းက ငါ့အတွက်တော့အမြဲတမ်းomega မင်းက ငါ့အတွက်တော့အမြဲတမ်းomega
Ficción Generalအညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု အညိုးတွေ ရန်ကြွေးတွေ ကလဲ့စားချေမှုတွေကြားက အချစ်တစ်ခု Start date-26.3.2024