Ep - 1

1.9K 84 4
                                    

ကနဦး၌‌"လွမ်း"ရင်ထဲကိန်းအောင်းလျှက်
ရှိသည့်တစ်ခုတည်းသောဆန္ဒ၊တစ်ကယ်ကိုတစ်ခုတည်းရှိသည့်ဆန္ဒမှာထိုသူ၏အနားတစ်ဖဝါးမခွာထာဝရထက်တစ်ရက်ပိုနေချင်ခဲ့ရုံမျှသာ ..။

__________________

သောကြာနေ့နံနက်အစောပိုင်းတွင်တစ်အိမ်လုံး
ထောင်းနမောင်းထလျှက်ဆူညံပွက်လောရိုက်
နေသည်။

အာလူးကြော်နံ့မွှေး‌မွှေးကခြံထဲအပြည့်ရှိလူတို့
နှာသီးဝ၌ရယ်ချင်စရာအဖြစ်တိုးဝင်နေသည်။

"ဘာလဲဟေ့ ၊ အိမ်အသစ်တက်ပွဲမှာ
ကျွေးတဲ့အစားအစာက"အာလူးချောင်းကြော်"
ဟဟဟားဟား"

ဝိုင်ခွက်ချင်းတိုက်၍အပြန်အလှန်ရယ်မောနေ
ကြသည့်အကြောင်းအရင်းမှာဒီပွဲရဲ့အစားအစာ
ဖြစ်နေပေသည်။

အိမ်အသစ်သည်သီးသန့်ဆန်သည်။မြို့ထဲဖြစ်
သော်လည်းခြံကျယ်ဝန်း၍‌လွမ်းသိပ်ကြိုက်သောသစ်ပင်တွေများစားလှပြီးအေးစိမ့်သည်။

"နောက်နေ့သတင်းထဲမှာပါလာမှာပါ ..
ဒေါ်လွမ်းဒါလီ"

"......."

"မီဒီယာသမားတွေကလည်းဒါမျိုးကို
ချောင်းနေကြတာလေ"

တစ်ယောက်တည်းအထင်နှင့်ရပ်နေမိသည့်
ဒေါ်လွမ်းဒါလီ၏အနားတွင်အခြားတစ်ယောက်
ရောက်လာသည်။

"တိတ်တိတ်နေပေးလို့ရမလား .. ဆွိ
ဒီမှာအာရုံခံပြီးကြည့်ချင်လို့"

လွမ်း၏အကြည့်တွေသည်တစ်စုံတစ်ဦး
အပေါ်တိုးဝင်နစ်မြုပ်နေသည်။

အာရုံခံပြီးကြည့်လောက်ချင်စရာဖြစ်အောင်
လွမ်းဒါလီ၏အပိုင်တစ်ဦးတည်းသောမိန်းကလေး 
မှာရှိတဲ့တည်ကြည်ငြိမ်သက်နေတဲ့အမူအယာတွေကမျက်မလွှဲချင်လောင်အောင်ခန့်ညားသည်။

"မမိုက်လွန်းဘူးလား .. ဂမုန်းကိုပြောတာပါ
အဲ့ဒီဖြူဖွေးနေတဲ့အသားအရည်နဲ့ဆံပင်အနီ
တိုတိုတွေကသိပ်ညှို့နိုင်လွန်းတာပဲ"

ကိုယ်ရဲ့လူဟာသိပ်မိုက်လွန်းတာကိုသိသည်။
လူတိုင်းကလည်းပြောနေသည်။ထိုလူတိုင်းရဲ့
ချီးကျူးမှုကိုသဘောကျပေမယ့်ဆွိရဲ့ရမ္မက်သံ
ရောယှက်နေတဲ့အပြောကိုတော့လွမ်းဟာနဲနဲမှ
မကြိုက်။လုံးဝမကြိုက်။

"အိမ်"Where stories live. Discover now