Ep - 2

707 58 2
                                    

လွန်ခဲ့တဲ့ 2 နှစ်၏တစ်ခုသောကာလ၌
18 နှစ်အရွယ်မိန်းကလေးတစ်ယောက်၏
နှလုံးသားအတွင်းမှာတတင်္ဂလေးတော့
အဖြူရောင်သပ်သပ်ခံစားချက်တို့အမှတ်မထင်
စွန်းပေခဲ့ပါသေးသည်။

ထိုနေ့ကဖေဖော်ဝါရီ14ရက်နေ့။

"ဂမုန်းအိမ်!"

"အာ ၊ လန့်သွားတာပဲနွေရိပ်ရယ် .."

ထိုနေရာသည်လေအရမ်းတိုက်သည်။ကျူရှင်
ဆင်းလျှင်ဂမုန်းနှင့်နွေရိပ်တို့နှစ်ယောက်ထိုနေရာ
၌မုန့်လာစားတတ်ကြသည်။

"ထပ်ငေးနေပြန်ပြီလား"

ထိုခြံကြီးသည်ချိုင့်ဝမ်းထဲတွင်တည်ရှိသည်။
ခြံအကျယ်ကြီး၏အပေါ် ဘေးပတ်ပတ်လည်၌
သစ်ပင်သစ်တောများသာရှိသည်။ထိုသစ်ပင်များ
၏နောက်ကွယ်ကနေရပ်ကြည့်လျှင်ထိုခြံထဲသို့
မြင်ရသည်။

ထိုနေ့က။
ကော်ဇောနီခင်းကျင်းထားသည့်လမ်း‌ကြောင်း
ပေါ်သို့ခြေဖဝါးနုနုစီးနင်းထားသည့်အနက်ရောင်
ဒေါက်မြင့်ဖိနပ်လေးသည်တစ်လှမ်းခြင်းကြွကြွ
လှမ်းနေခဲ့သည်။

ကျောဘက်ကမြင်နေရတာမှန်သော်လည်း
ထိုအမျိုးသမီးသည်ခေါင်းကိုအနဲငယ်လှည့်စောင်း
၍အနောက်ကိုလှည့်ကြည့်တော့မယောင်ဟန်
ပြင်လိုက်သည်။သူမ၏လက်နှစ်ဖက်မှာချိတ်
ထားသည့် feather boa ကြက်သွေးရောင်ရင့်ရင့်
သည်သူမကိုယ်ဟန်ယိမ်းလိုက်တိုင်းလှုပ်ရှားကာ
လက်လက်ထသွားသည်။ထိုအခါလက်မောင်း
အိုးဖြူဖြူလေးနှစ်ခုကိုတွေ့ရသည်။

လက်ထဲတွင်ဝိုင်တစ်ခွက်ကိုကိုင်ဆောင်ထား၏။

အနဲငယ်မြင်လိုက်ရသည့်မျက်နှာတစ်ခြမ်း
ပေါ်တွင်နှာတံမြင့်မြင့်မှာ‌ပေါ်လွင်ထင်ရှားနေသည်။
ပိတ်ထားသည့်နှုတ်ခမ်းနှစ်လွှာသည်ရဲ၏။
အတုတပ်ထားသည့်မျက်တောင်တွေသည်
ရှည်လျားမည်းနက်နေသည်။

"ဘာလဲ ၊ ကြိုက်နေတာလား"

"မ .. မဟုတ်ပါဘူးနော် ၊ ကြိုက်စရာလား
မိန်းမအချင်းချင်း"

နွေရိပ်၏ဖောင်းကားနေသည့်ပါးလေးတွေသည်
ရယ်လိုက်တော့အစ်နေသည်။

"အိမ်"Where stories live. Discover now