Ep - 5

672 61 3
                                    

ချစ်ခင်နှစ်သက်ခြင်းအကြောင်းတည်၍
ဆက်သွယ်ကြသူတစ်ဦးနှင့်တစ်ဦးမှာထိုချစ်ခြင်း
တို့ပျက်ပြယ်စပြုလာချိန်ရှိနှင့်ဦးတော့
"သံယောဇဉ်"ဟူသည့်ကြိုးလေးတစ်ခုတော့
ကျန်ရှိကြသည်မဟုတ်လား။ထိုကြိုးလေးကပဲ
တစ်ဦးနှင့်တစ်ဦး၏ဝေးကွာခြင်းတွေကိုရပ်တန့်
နိုင်အောင်ချည်နှောင်ပေးသည်မဟုတ်လား။

လွမ်းအတွက်တော့ထိုသူနှင့်စ၍တွေ့ဆုံခဲ့ခြင်း၌
ချစ်ခင်နှစ်သက်ခြင်းတို့မပါဝင်ခဲ့တာကိုဝန်ခံ
ပါသည်။2 နှစ်ကျော်လာပြီဖြစ်တဲ့အိမ်ထောင်ရေး
တစ်ခုမှာထိုသူ၏သက်ဆိုင်သူနေရာမှာနေပြီး
တိတ်တိတ်ကလေးသံယောဇဉ်ဖြစ်နေခဲ့ရတာ
ကိုလည်းနဲနဲလေးမှဝန်မခံချင်ပါ။

အဆင့်အတန်း၊ဂုဏ်၊အရည်အချင်း၊လှပ
တင့်တယ်မှု၊ထိုအရာတွေဟာလွမ်းဒါလီရဲ့
ဘဝစက်ဝန်းကိုလည်ပတ်စေတဲ့ယန္တရား
ဖြစ်သည့်အထိုက်လျောက်ကြီးကျယ်မြင့်မြတ်တဲ့မိန်းမတစ်ယောက်တစ်ယောက်၏ဘဝ၌
မျက်ရည်ကျတာကိုလူမမြင်စေရ။ငိုသံကို
လူမကြားစေရ။နာကျင်ခြင်းတွေအားလူသူ
မသိစေရ။မာနနှင့်ဖက်ပြီးမွေးဖွားရှင်သန်ခဲ့ရ
သည့်မိန်းမတစ်ဦးရင်၌

"မင်းတို့အသည်းကိုခွဲစမ်းပါမုန်းရယ် ..
အေး ၊ တို့အသည်းကွဲတာကိုတော့
မင်းဒီတစ်သက်မြင်ရမယ်မထင်နဲ့"

မာနကလွဲပြီးမည်သည့်အရာမှမကိန်းအောင်နိုင်။

"တီ တီ !"

"ပြန်လာပြီထင်တယ် ၊ မမဒါ"

ဒေါ်အေးချိုဟာသိပ်ကိုအလိုက်မသိလွန်းတဲ့
သူမျိုးတစ်ယောက်ဟုလွမ်းခုလေးတင်‌
ကောက်ချက်ချလိုက်သည်။လွမ်းသူ့ကို
စောင့်နေတာမဟုတ်ကြောင်းကိုလည်း
ဒေါ်အေးချိုကိုပြောလိုက်ချင်သည်။

"လာပါစေပေါ့ ၊ ကျွန်မသူ့ကို
စောင့်နေတာမဟုတ်ပါဘူး"

လွမ်းအသံကိုဒေါ်အေးချိုကြားလိမ့်မည်
မဟုတ်ပါ။ဒေါ်အေးချိုကခြံတံခါးကိုသွား
ဖွင့်ပေးဖို့အလျင်အမြန်ထွက်သွားလေပြီ
ဖြစ်သည်။

ရေထက်ပင်ကျဲလွန်းတဲ့ဆက်ဆံရေးတစ်ခု
ထဲသို့မည်သည့်အရာတွေရောထည့်မွှေ‌မှ
ပျစ်လာနိုင်ကောင်းမလဲကိုလွမ်းမစဉ်းစား
တတ်တော့။

"အိမ်"Where stories live. Discover now