Ep - 8

411 53 5
                                    

"လွမ်း ..တဲ့လား"

မုန်းကိုကြည့်ပြီးပြောနေရင်းလှုပ်ရှားနေတဲ့
မျက်လုံးတွေရဲ့ဂနာမငြိမ်သောအမူအယာကို
မသိချင်ယောင်ဆောင်လျှက်ရှေ့မှာချထားတဲ့
အစားအစားတွေကိုတစ်ခုပြီးတစ်ခုခရင်းနဲ့ထိုးပြီး
မုန်းပါးစပ်ထဲသို့ပစ်ထည့်မိနေသည်။

မုန်းမသိ။ဘာကြောင့်များအဲ့လိုခေါ်မိသွားရလဲ။

"ကလေးယူရမယ်"

ဦးကောင်းမြတ်သည်ရယ်လက်စကိုအဆုံးသတ်
လိုက်ပြီးစကားသစ်ကိုတဖန်ပြန်စလိုက်သည်။

အကြည့်တွေကလွမ်းနှင့်မုန်းဆီသို့ဆူးနစ်
ထိုးဖောက်လာ၏။

"အိမ်ထောင်သက်လည်း2နှစ်ကျော်ပြီ
ကလေးယူဖို့စိတ်ကူးမရှိဘူးလား"

စားပွဲဝိုင်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။
အားလုံး၏မျက်နှာမှာတည်လျှက်။
နောက်ပြောင်ကျီစယ်လိုအားနဲ့တစ်ချိန်လုံး
မုန်းတို့စုံတွဲကိုအထင်သေးနေခဲ့တဲ့ဒေးဗစ်တို့
လင်မယားပင်ကြောင်စီစီဖြစ်နေကြသည်။
တင်းမာနေသည့်အခြေအနေပေါ်မူတည်အားလုံး
ဟာငြိမ်သက်လျက်။

"လွမ်းအသက်အရွယ်နဲ့ကိုယ်ဝန်ဆောင်ဖို့
ဆိုတာအန္တရာယ်များတယ် ၊ ဒီတော့  .. "

ဦးကောင်းမြတ်အကြည့်တွေကမုန်းဆီကို
ရောက်လာခဲ့ပြန်ပါပြီ။

"ဂမုန်း .. ကိုယ်ဝန်ဆောင်ရမယ်"

မုန်းဘာလုပ်သင့်လဲ၊မုန်းဘဝမှာဘယ်တုန်းကမှ
ဗိုက်ဖုံးအင်္ကျီလှလှလေးဝတ်ဖို့စိတ်ကူးမယဉ်
ကြည့်ဖူးသလိုကလေးမွေးတဲ့အလုပ်ဟာလည်း
မုန်းနဲ့လုံးဝမသက်ဆိုင်တဲ့အရာတစ်ခုလိုပါပဲ။

အားလုံး၏မျက်နှာမှာလည်းအတည်ကြီးပြောနေ
တာပါလားဟဆိုတဲ့သဘောမျိုးနဲ့အံဩရိပ်တို့
ပကတိဖုံးလွမ်းသွားကြလေတော့သည်။

"ဖိုးဖိုး .."

လွမ်းဒါလီ၏နှုတ်တွေဟဖို့ပြင်လိုက်ချိန်မှာ
ဆွိကအရင်ဦးလိုက်သည်။

"သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက
ဖိုးဖိုးထင်သလောက်ကောင်းမနေဘူးဆိုတာ
မသိလို့ပြောနေတာမလား"

"အိမ်"Where stories live. Discover now