Ep - 6

600 63 4
                                    

မာစီးဒီးကား‌အညိုရောင်တစ်စီး၏အတွင်း
ထဲမှာထိုင်နေလျက်ရှိသည့်မိန်းမတစ်ယောက်၏
ခပ်ရှက်ရှက်ဖြင့်စိုးရိမ်နေသည့်မျက်လုံးများသည်
ခြံဝင်းတစ်ခု၏နှစ်ထပ်တိုင်အပေါ်သို့အကြည့်
ရောက်နေသည်။‌နေကာမျက်မှန်အောက်မှမှိန်မ
သွားသည့်စူးရဲရဲမျက်လုံးများနှင့်ခပ်နက်နက်
ထိုမျက်ခုံးများကလည်းအပင့်သား။

"ဟူး .., သွားကြစို့"

"ဟင်! အထဲမဝင်တော့ဘူးလားအန်တီ
ဒီအထိရောက်လာပြီးမှ‌ဝောာ့တစ်ခါလောက်
သွားကြည့်သင့်ပါတယ်"

"မင်းတို့ကို ၊ ဆရာလာလုပ်နေတာလား"

"အဲ အဲ့လိုမဟုတ်ပါဘူး၊ဆောရီးပါအန်တီ"

လွန်ခဲ့တဲ့တစ်ပတ်ကမှအသစ်ခန့်ထားသည့်
ကားဆရာငယ်သည်နှုတ်သွက်လျှာသွက်နှင့်
အလုပ်အပေါ်လည်းလေးစားသူတစ်ဦးဖြစ်လို့
လွမ်းသဘောကျမိသည်။

ကားဆရာကောင်းကောင်းတစ်ယောက်အနား
ရောက်လာမှပဲအိမ်‌တွင်းအောင်းချင်စိတ်က
တစ်စ,တစ်စသိသိသာသာလျော့ပါးလာရသည်။
ဒီရက်ပိုင်းမှကုမ္ပဏီကိုလည်းမကြာခဏရောက်ဖြစ်သည်။ကုမ္ပဏီမှာမုန်းကိုသင့်တင့်တဲ့ရာထူး
တစ်ခုပေး၍ခြေငြိမ်အောင်ဖေဖေကစီမံထားလျှက်
ရှိသည်။မုန်းကိုအပြည့်အဝစိတ်ချရသည်မဟုတ်
သော်လည်းဆွိတစ်ယောက်ကိုကလေးလိုအချိန်
ပြည့်လိုက်ထိန်းနေရသည့်ဝတ္တရားကနေတော့
အနည်းငယ်စဲသွားသည်မဟုတ်လား။

ဒါကိုပဲလွမ်းကုမ္ပဏီကိုရောက်ချိန်တွေမှာ
ဆွိကိုတွေ့တွေ့နေရတတ်သေးသည်။မုန်းဆီ
လာတွေ့တာ၊မုန်းကိုလွမ်းလို့၊မုန်းနဲ့အပြင်ခဏ
သွားချင်လို့၊မုန်းအတွက်မုန့်ယူလာတာတို့
စသဖြင့်မထပ်‌သောအကြောင်းပြချက်စုံစီနဖာ
ကိုသုံးလို့ပေါ်ပေါ်လာတတ်သေးတာပင်။

တစ်နေ့မှာတော့ရင်ထဲမကောင်းစေတဲ့မြင်ကွင်း
တစ်ခုနဲ့တိုးလိုက်ရသေးသည်။

မုန်းအတွက်နေ့လည်စာလာပို့စဉ်ကဖြစ်သည်။
အလုပ်စားပွဲမှာမုန်းကိုမတွေ့ရ၍ဟိုဟိုဒီဒီ
လျှောက်ရှာကြည့်မိသည်။

"မုန်းကိုတွေ့မိသေးလားသမီး"

လမ်းမှာဖြတ်လျှောက်ရင်းတွေ့မိတဲ့ဝန်ထမ်း
တစ်ယောက်ကိုမေးလိုက်သည်။

"အိမ်"Where stories live. Discover now