သန်းခေါင်ယံအချိန်ရှိပြီ။အိမ်ကိုပြန်ရောက်
ပြီးသည့်အထိဖုန်းကိုလက်ကမချဘဲဆက်တိုက်
ခေါ်နေမိသည်။လွမ်းသူ့ကိုစိတ်ပူနေမိတာလား။
ဖေဖေ့ရဲ့စကားတွေကြောင့်အားနာနေမိတာလား။
ဒါမှမဟုတ်လွမ်းသူ့ကိုစက္ကန့်မလပ်သတိရနေမိ
တာလည်းဖြစ်နိုင်သည်။မည်သို့စိတ်အေးနိုင်ပါ
မည်နည်း။"ခြံထဲမှာအေးတယ်အန်တီ"
ပုခုံးပေါ်သို့ရောက်လာသည့်ကုတ်အင်္ကျီ
တစ်ထည်ကြောင့်တွေးခေါ်နေသည့်အကြောင်း
တရားတစ်ချို့ကတစ်စုတည်းထဲမှနေ၍
တစ်ခဏလေးကွဲကုန်ကြသလိုပါပင်။"မင်းနာမည်က..ရာဇာနော် ၊ မင်းက
နာမည်ကောင်းကောင်းလေးပိုင်ဆိုင်ထား
ရတာပဲနော်""ကျေးဇူးပါအန်တီ .. ဖေဖေပေးခဲ့တဲ့နာမည်ပါ"
"တို့နာမည်ကိုလည်းဖေဖေပေးခဲ့တာပဲ
ဒါလီဆိုတာတန်ဖိုးရှိဖွယ်တင့်တယ်ဖွယ်ရာမို့
နှစ်သက်ချင်စရာကောင်းတယ်မို့လားဟင် ..
ဒါပေမယ့်နာကျင်မှုတွေနဲ့တည်ဆောက်ခဲ့တဲ့
အလွမ်းဆိုတာကတော့တန်ဖိုးရှိရင်တောင်
မတင့်တယ်နိုင်ဘူးလေ .. တို့နာမည်ကိုတို့က
သိပ်မုန်းတာ .. ဒီနာမည်ပေးခဲ့တဲ့ဖေဖေကိုလည်း
တို့ ... မုန်းတယ်"" ကျွန်တော်ကရာဇာဆိုပေမယ့် .. ပြဿဒါး
တွေခပ်များများပါအန်တီရယ် ၊ လူတိုင်းက
အမြဲတမ်းပျော်ရွှင်နေတာမဟုတ်ပါဘူး""အဟင်း ၊ မင်းတို့ကိုလာပြီးနှစ်သိမ့်နေတာပဲ"
"အရမ်းစိတ်ပူမနေပါနဲ့ ၊ ပြန်လာမှာပါ"
"ဟုတ်သားပဲ ၊ မင်းလည်းနောက်ကျနေပြီ
ပြန်တော့လေ .. ကားယူသွားလိုက် ၊ မင်းဆိုင်ကယ်ဒီမှာထားခဲ့လိုက် ၊ အရမ်းနောက်ကျနေပြီမို့
ပြောတာ""ဟုတ်ကဲ့.. "
"ရော့ ၊ မင်းရဲ့အင်္ကျီ"
ရာဇာကတရိုတသေဖြင့်လှည့်ထွက်သွားသည်။
လွမ်းရဲ့လက်တွေ phone callတွေဆီလှမ်းနေမိ
ပြန်ပါ၏။"တီ ......"
ဘုရား။မုန်းတစ်ယောက်ဖုန်းစက်ဖွင့်လိုက်ပါပြီ။
ကိုင်ပါ့မလားကစိုးရိမ်ရသေး၏။လက်သည်း
တွေကိုယောင်ယောင်ယမ်းယမ်းကိုက်မိ၍
ခြေတွေဆောင့်နေမိတဲ့အမူအယာမျိုးဟာလွမ်းရဲ့
ဘဝမှာပထမဦးဆုံးလုပ်ဖူးသည့်စိတ်လှုပ်ရှား
သည့်အခိုက်အတန့်ရဲ့ဆွဲခေါ်ခြင်းဖြစ်ပါသည်။