"ရှိုင်းကို သားလေး ထတော့လေ ကျောင်းနောက်ကျမယ်"
"အမေရေ သားကနိုးနေပြီ အဖြူအစိမ်းလဲပြီး
ပြန်အိပ်တာ""ဟယ်ဒီကောင်လေးတော့ သားကလည်းထရင်လည်းတစ်ခါတည်းထမှပေါ့
မြန်မြန်မုန့်စားပြီးကျောင်းသွားတော့""ဟာအမေ သားကစစ်သွေးလာခေါ်တာစောင့်အုန်းမှာ"
"အမယ်လေး နင့်ကိုစစ်သွေးကဘယ်တုန်းကလာခေါ်လို့လဲ
နင့်အကြောင်းမသိဘူးမှတ်နေလား
သူနဲ့စပေါင်းကတည်းက နင့်အပေါ်သူကအမြဲနိုင်တာလေ
သူကများနင့်လာခေါ်အုန်းမယ်တဲ့""သူမနေ့ကဖုန်းဆက်တယ်အမေရဲ့
သူအင်းလေးကပြန်လာပြီတဲ့
သားကိုလာခေါ်မယ်တဲ့ကျောင်းတက်ရင်"ရှိုင်းကိုပြောတဲ့စကားကိုနားထောင်ပြီး
ဒေါ်ချိုသက် သက်ပြင်းချလိုက်တော့သည်။
သူမယုံတာလည်းမဆန်းပါဘူး
အမြဲတမ်းအနိုင်ကျင့်တဲ့သူက
အိမ်ထိကျောင်းသွားဖို့လာခေါ်မယ်ဆိုတာမယုံချင်စရာလေ..."ရှိုင်းကို သားလေး ထီးမေ့မယ်နော်"
ထိုအချိန်.... (တီးးးးတောင်)
"အိမ်ရှေ့မှာဘဲလ်တီးနေတာဘယ်သူလည်းမသိဘူး"
"အမေအမေ သားသွားဖွင့်မယ်"
လက်ထဲကကော်ဖီခွက်ကိုချပြီးအိမ်ရှေ့ကိုအပြေးထွက်သွားမယ်လုပ်တုန်း
"သားမိုးရွာနေတယ်လေ"
"အော်အိမ်ရှေ့မှာထီးရှိတယ်အမေရဲ့"
အိမ်ရှေ့အပေါက်၀မှာချထားတဲ့ထီးအဖြူလေးကိုယူဖွင့်ကာ
ရှိုင်းကိုတစ်ယောက်အပြေးထွက်သွားတော့သည်။(ကျွီ.....)
အိမ်ရှေ့မှာရပ်စောင့်နေသူက သေချာပါတယ်
သူမျှော်နေရှာတဲ့သူလေးပေါ့
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ အမြဲတမ်းကျောင်းစိမ်းအဖြူပေါ်မှာအကျီအပေါ်ထပ်အကွက်လေးတွေအမြဲ၀တ်နေတဲ့သူလေးပေါ့"စစ်သွေး မင်းရောက်လာပြီပေါ့
"အေး ငါ.."
"အိမ်ထဲရောက်မှပြော မိုးရွာနေတယ်"
YOU ARE READING
ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်
Romanceစစ်သွေးဆိုတာကျွန်တော့်သူငယ်ချင်းပေါ့.... သူငယ်ချင်းဆိုတာထက် ကျွန်တော့်ရဲ့တိတ်တခိုးချစ်ရတဲ့တစ်ဦးတည်းသောရင်ခုန်ခြင်းဆိုရင်ပိုမှန်တယ်ဗျ။